Healthy Life Ad
Life Style

အဆိုတော် မိုင် မိသားစု ကျန်းမာရေးအကျင့်ကောင်းများ

– အန်တီတို့မိသားစုရဲ့ ကျန်းမာရေးကို ဘယ်လိုဂရုစိုက်ပြီး နေထိုင်ဖြစ်ပါသလဲ။

အန်တီက အခု အသက် ၆၀ ကျော်ပြီ။ ကျန်းမာရေးအရမ်းမကောင်း ဖြစ်တာမျိုးမရှိဘူး။ ကျန်းမာရေးအတွက် အစားအသောက်ကို လိုက်လျောညီထွေအောင် စားဖြစ်တယ်။ တချို့ဆို အချိုတွေ၊ အချဉ်တွေ မကြိုက်လို့ လုံးဝမစားကြဘူး၊ အန်တီကကျတော့ မျှတအောင်စားတယ်၊ အငန်တွေတော့ အရမ်းကြီးမစားဖြစ်ဘူး၊ အိမ်ကမိသားစုကိုလည်း ကျန်းမာရေးအတွက် အကျိုးရှိစေမယ့် အကြာင်းအရာလေးတွေ ပြောပြဖြစ်ပါတယ်၊ အစားအသောက်၊ အနေအထိုင်ဆင်ခြင်ဖို့ပါ ပြောပြဖြစ်ပါတယ်။

12435831_206346836373081_367794416_n

– အန်တီမိုင်အခုချိန်ထိ ကျန်းမာနေအောင် ထူးထူးခြားခြားလိုက်နာဖြစ်တာ ရှိရင်ပြောပြပေးပါ။

အိမ်မှာဆိုလည်း သီချင်းနားထောင်တယ်၊ ဆိုတယ်၊ တီဗွီကြည့်တယ်၊ စာအုပ်ဖတ်ဖြစ်တယ်၊ အန်တီက လေ့ကျင့်ခန်းသိပ်မလုပ်ဖြစ်ပေမယ့် အခုချိန်ထိ ဆေးခန်း၊ ဆေးရုံသွားရတာမျိုး မရှိဘူး၊ ကလေးမွေးတုန်းက လောက်ပဲ ရောက်ဖူးတာ၊ အဓိက အန်တီကတော့ ကိုယ်ဝါသနာပါတဲ့ ဂီတကြောင့် စိတ်ကျန်းမာ၊ ကိုယ်ကျန်းမာ နေရတယ်လို့ ထင်ပါတယ်။

– အန်တီအခု သီချင်းဆိုဖို့အတွက် အသံရဲ့ကျန်းမာရေးကောင်းအောင် ဘယ်လိုဂရုစိုက်ရလဲ။

အသံအတွက် ဟိုတုန်းကတော့ ဂရုစိုက်ရတယ်၊ သီချင်းကလည်း အရမ်းဆိုတော့ ရေခဲရေတွေ ရှောင်ရတာမျိုးရှိတယ်၊ အခုကျတော့ အရမ်းကြီး ဂရုစိုက်ရတာမျိုး မရှိတော့ဘူး၊ အဆင်ပြေပါတယ်။

– ကျန်းမာရေးနဲ့ ညီညွတ်အောင် အစားအသောက်ကို ဘယ်လိုစားသုံးဖြစ်ပါသလဲ။

အန်တီက အပြင်စာ အတတ်နိုင်ဆုံး မစားဘူး၊ အိမ်မှာပဲ ကျန်းမာရေးနဲ့ ညီညွတ်အောင် ချက်စားဖြစ်တယ်၊ နောက်တစ်ခု အန်တီက အသီးအရွက်၊ အသား၊ ငါးကို ရေခဲသေတ္တာထဲမှာထားပြီး မချက်စားဘူး၊ အပြင်ကနေ ဒီနေ့ဝယ်ရင် ဒီနေ့ပဲ လတ်လတ်ဆတ်ဆတ်ချက်စားတယ်၊ ဒီနေ့ချက်ထားတဲ့ အစားအစာတွေကိုလည်း နောက်နေ့အထိမထားဘူး၊ ပြီးတော့ အချိုရည်ဘူးတွေ၊ ပုလင်းတွေလုံးဝမသောက်ဘူး။

သောက်ချင်တယ်ဆိုရင်တော့ လတ်လတ်ဆတ်ဆတ်သစ်သီးတွေကို ဖျော်သောက်ဖြစ်တယ်၊ အဓိက အန်တီကျန်းမာရေးကောင်းတာ အစားအသောက်ကိုသေချာဂရုစိုက်လို့ ကျန်းမာရေးကောင်းတယ် လို့ထင်ပါတယ်။ ကျန်းမာရေးစစ်ဆေးမှုတွေကို ဘန်ကောက်မှာ ပုံမှန်သွားလုပ်ဖြစ်တယ်။ ဘာရောဂါမှ မတွေ့ဘူး၊ အန်တီကိုယ်တိုင်လည်း အံ့သြမိပါတယ်။

IMG_6854


– ဖျော်ဖြေရေးအတွက် နယ်ခရီးတွေသွားရင်ကော ကျန်းမာရေးအတွက် ဘယ်လိုဆေးဝါးတွေ ယူဆောင်သွားဖြစ်ပါသလဲ။

နယ်ဘက်တွေသွားရင်တော့ ဆေးဝါးလေးတွေ ယူသွားဖြစ်ပါတယ်။ ရာသီဥတုအပြောင်းအလဲကြောင့် နှာစီး၊ ခေါင်းကိုက်တာတို့ဖြစ်ရင် သောက်လို့ရအောင်လို့ပါ၊ များသောအားဖြင့်က အန်တီတို့ မိသားစုဆရာဝန်က ပေးလိုက်တဲ့ စပ်ဆေးလေးတွေသောက်ဖြစ်ပါတယ်၊ အခုကလည်း ဆောင်းရာသီရောက်နေတော့ နွေးနွေးထွေးထွေးလေးဖြစ်အောင်တော့ ဂရုစိုက်ရပါမယ်။

– အန်တီမိုင်ရဲ့ ခင်ပွန်းနဲ့သမီးကို ကျန်းမာရေးနဲ့ပတ်သက်ပြီး ပြောပြဖြစ်တဲ့ အကြံပြုချက်လေးတွေရှိပါသလား။

ပြောဖြစ်ပါတယ်။ အန်တီခင်ပွန်းဆိုလည်း အစားအသောက်ဆင်ခြင်ဖို့ ပြောပါတယ်၊ သမီးကိုဆိုလည်း ကျန်းမာရေးအတွက်တင်မကဘဲ အစစအရာရာ သွန်သင်ပြတာမျိုးတွေရှိပါတယ်၊ များသောအားဖြင့် အန်တီက အစားအသောက်နဲ့ပတ်သက်ပြီး ကျန်းမာရေးအတွက် ပိုပြီးအကြံပြုဖြစ်တယ်။

IMG_6791


– အန်တီတို့မိသားစုထဲမှာ ကျန်းမာရေးကြောင့် စိတ်ညစ်ခဲ့ရ၊ ပူပန်ခဲ့ရတာမျိုးရှိပါသလား။

ရှိခဲ့ဖူးပါတယ်။ အန်တီခင်ပွန်းလေဖြတ်သလိုဖြစ်ခဲ့တယ်၊ အစားအသောက်ကြောင့်ပေါ့။ ဝက်သား အရမ်းစားတယ်၊ အဲဒီနေ့က အပြင်မှာ ဝက်သားတုတ်ထိုး အရမ်းစားတာ တားလို့လည်းမရဘူး၊ အိမ်ပြန်ရောက်တော့ ခန္ဓာကိုယ်က အရမ်းလေးလာတာ၊ တစ်ညလုံးလည်းမအိပ်ရဘူး၊ မနက် ၄ နာရီ လောက်ကျတော့ လေဖြတ်တာပဲ၊ အဲဒီအချိန်တုန်းက အတော်လေးစိတ်ညစ်ခဲ့ရတယ်၊ စိတ်ပူပင်ခဲ့ရတယ်၊ အန်တီတို့လည်း ကောင်းအောင်ကုပေးလိုက်တယ်။ အခု သက်သာနေပါပြီ။ ဘယ်သူပဲဖြစ်ဖြစ် အစားအသောက်ကို သေချာဂရုစိုက်စားကြပါ။ တန်ရင် ဆေး၊ လွန်ရင် ဘေး . . အစားမတော်တစ်လုတ်၊ အသွားမတော်တစ်လှမ်း ဆိုသလိုပါပဲ၊ ကျန်းမာရေးနဲ့အညီ စားသုံးကြပါ။

– အန်တီ ပရိသတ်ကို ပေးချင်တဲ့ကျန်းမာရေးအကြံပြုချက်လေး ပြောပြပေးပါ။

ကျန်းမာရေးအတွက် အစားအသောက်က အဓိကကျပါတယ်၊ အပြင်စာတွေကို ဂရုစိုက်စားကြပါ၊ တစ်ခါတလေ စီးပွားဖြစ်ရောင်းတဲ့ အပြင်စာတွေ မှာလည်း ကောင်းတာ၊ ဆိုးတာပါနိုင်တဲ့အတွက် ဆင်ခြင်ကြပါ၊ အားတဲ့အချိန် တွေမှာလည်း ကိုယ်လက်လေ့ကျင့်ခန်းလုပ်ကြပါလို့ အကြံပြုချင်ပါတယ်။

Most Popular

Healthy Life Ad
To Top