Healthy Life Ad
Q & A

HIV ရှိသူနဲ့လက်ထပ်ရင် ကလေးယူလို့ရမှာလား

မေး. ကျွန်မနဲ့ကျွန်မချစ်သူချစ်ကြတာ လေးနှစ်ကျော်ပါပြီ။ လက်ထပ်ခါနီးသွေးစစ်တော့ သူ့မှာ HIV reactive ဖြစ်နေပါတယ်။ ကျွန်မကတော့ Nonreactive ပါရှင်။ သူစစ်ပြီးသုံးလအကြာမှာ ကျွန်မစစ်ခဲ့တာပါ။ ကျွန်မက သူ့ကိုလက်ထပ်ချင်ပါတယ်။ တစ်ခုသိချင်တာက ကျွန်မတို့ကလေးယူလို့ ရ၊ မရ သိချင်လို့ပါ။ သူဆေးစသောက်နေတာလည်း သုံးလရှိနေပါပြီ ဆရာ။
TZM (FB)

ဒေါက်တာစိုးလွင်
(သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး) မှဖြေကြားသည်။

ဖြေ. ဆရာတို့ဆီမှာ ဒီလိုလူနာတွေ ရှိပါတယ်။ ချစ်သူနှစ်ယောက်မှာ တစ်ယောက်က HIV Positive ဖြစ်ပြီး တစ်ယောက်ကမရှိဘူးဆိုရင် အိမ်ထောင်ပြုလိုက်တဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ကူးနိုင်ပါတယ်။ ကလေးယူရင်လည်း ကလေးဆီကို ကူးစက်နိုင်ပါတယ်။ ဒီတော့ HIV ကုတဲ့ဆရာဝန်ကော၊ သားဖွားမီးယပ်အထူးကုဆရာဝန်နဲ့ပါ တိုင်ပင်ပြီး ကလေးယူရပါမယ်။ လက်ထပ်ပြီးအတူနေတဲ့အခါ ဇနီးမောင်နှံနှစ်ယောက်က ကွန်ဒုံးနဲ့ပဲအတူနေရပါမယ်၊ ကလေးယူမယ်ဆိုရင် HIV ကုတဲ့ဆရာဝန်နဲ့ သားဖွားမီးယပ်အထူးကုဆရာဝန်ပေါင်းပြီး HIV ရှိသူကို ဆေးတွေစနစ်တကျ တိုက်ရတယ်၊ ပြီးတော့ အမျိုးသမီးကို သားဥကြွေဆေးတိုက်ရတယ်၊ သားဥကြွေတဲ့အချိန်မှာ ပိုးကင်းစင်တဲ့သုက်ရည်ကို ထည့်ပေးရပါတယ်။ အဲဒီအချိန်မှာ ပိုးမရှိတဲ့အတွက် အမျိုးသမီးဆီကော ကလေးဆီပါ ကူးစက်နိုင်ခြေက အလွန်နည်းသွားပါပြီ။ ဒါက ကလေးရရုံသက်သက်ပဲ သုက်ရည်ထည့်ပေးတာ ဖြစ်ပါတယ်။

အရေးကြီးတာက ကိုယ့်ဘာသာ ကလေးယူလို့တော့ မရပါဘူး။ ဆရာဝန်တွေနဲ့ သေချာတိုင်ပင်ပြီးမှ ကလေးယူရမှာ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top