Healthy Life Ad
Health Tips

နှစ်ကူးသင်္ကြန်ပွဲတွင် အရက်ကြောင့်ရရှိမည့် ဆိုးကျိုး လျော့ကျအောင် . . .

ဦးမိုး

နှစ်ကူးသင်္ကြန်ပွဲမှာ အမျိုးသားအများစုဟာ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ဝိုင်းဖွဲ့စားသောက်ရင်း အရက်သောက်မိတတ်ပါတယ်။ အရက်ကို အလွန်အမင်းသောက်မိရင် နောက်တစ်နေ့ မနက်မှာ အရက်နာကျဝေဒနာရတတ်သလို အရက်ရဲ့ နောက် ဆက်တွဲ ဆိုးကျိုးဒဏ်လည်း ခံရတတ်ပါတယ်။ ဒီလို မဖြစ်စေဖို့ အရက်မသောက်တာ အကောင်းဆုံးပါ။ ဒါပေမဲ့ အရက်မသောက်ရ မနေနိုင်သူတွေအတွက် အသင့်အတင့်ပဲသောက်ဖို့နဲ့ အရက် ကြောင့် ဖြစ်လာနိုင်တဲ့ ဆိုးကျိုး လျော့နည်းသထက် လျော့နည်း စေဖို့ လိုက်နာသင့်တဲ့ နည်းလမ်းကောင်းတွေကို အကြံပြုလိုက်ပါတယ်။

အရက်မသောက်မီ တစ်ခုခု စားပါ
အစာအိမ်ထဲမှာ အစာရှိနေရင် အယ်လ်ကိုဟောစုပ်ယူမှုကို နှေးစေပြီး ကိုယ်တွင်းစနစ်ထဲမှာ အရက်ကြောင့်ရနိုင်တဲ့ သက်ရောက်မှုကို လျော့ကျစေပါတယ်။ အရက်သောက်တာကြောင့် ရနိုင်တဲ့ဆိုးကျိုးကို အနည်းဆုံးဖြစ်ချင်ရင် အဆီများတဲ့ အစာကိုရွေးစားပါ။ အရက်မသောက်ခင် ပရိုတင်းပါဝင်မှုများတဲ့ အစာစားတာက အရက်သောက်ပြီးချိန်မှာ အရက်နာကျဝေဒနာမရအောင် ကာကွယ်ပေးနိုင်ပါတယ်။

အရက်ကို တစ်ငုံချင်းသောက်ပါ
အရက်ခွက်ကို ကိုင်ပြီး တစ်ငုံချင်းသောက်ပါ၊ အရက်ကို မော့သောက်လိုက်တာက အရက်များများ သောက်ဖြစ်စေပါတယ်။

အယ်လ်ကိုဟော ပါဝင်မှုနည်းသည့် အရက်ကို ရွေးချယ်ပါ
အယ်လ်ကိုဟော ပါဝင်မှုနည်းတဲ့ အရက်ကို ရွေးချယ်တာက အရက်ကြောင့် ဖြစ်နိုင်တဲ့ ဆိုးကျိုးကို လျော့ကျစေတဲ့ နည်းလမ်းကောင်းပါ။ ခန္ဓာကိုယ်က အရက်ကို ပိုမို နှေးကွေးတဲ့နှုန်းနဲ့ တည်ဆောက်နေတဲ့အတွက် အရက်သောက်သုံးမှုကြောင့် ရရှိနိုင်တဲ့ သက်ရောက်မှုကို လျော့ပါးစေပါတယ်။

အရက်သောက်နေစဉ် အစာတစ်မျိုးကို ကြိတ်ဝါး ပေးပါ
အစာနဲ့ အရက်တွဲသောက်တာကြောင့် အယ်လ်ကိုဟောစုပ်ယူမှုကို နှေးစေနိုင်တယ်လို့ လေ့လာမှုအရ သိရပါတယ်။ အစာမပါဘဲ အရက်သောက်တာထက် အစာစားရင်း အရက်သောက်တာက အယ်လ်ကိုဟော စုပ်ယူမှုကို သုံးဆပိုနည်းစေပါတယ်။

အယ်လ်ကိုဟောပါသည့် အစားအသောက်နှင့် မပါသည့် အစားအသောက်ကို အလှည့်ကျ သုံး ဆောင်ပါ
အရက်တစ်ခွက်နဲ့ တစ်ခွက်ကြား အယ်လ်ကိုဟော မပါတဲ့ အစားအသောက်ကို စားပေးသင့်ပါတယ်။ ဒီလိုလုပ်တာကြောင့် အရက်များများ မသောက်ဖြစ်စေရုံသာမက ကိုယ်တွင်းစနစ်ကနေ အယ်လ်ကိုဟောကို ချက်ချင်း စွန့်ထုတ်ပေးနိုင်စွမ်း ရှိသွားပါတယ်။ အရက်မသောက်ခင် ရေတစ်ဖန်ခွက် ဒါမှမဟုတ် အချိုရည် တစ်ဖန်ခွက်သောက်ပါ။

သင်္ကြန်ပွဲမတိုင်မီ ပင်ပန်းနေသလား ဆန်းစစ်ပါ
မောပန်းနေတာ ဒါမှမဟုတ် စိတ်ဖိစီးမှုများနေတာဟာ အသည်းရဲ့ အယ်လ်ကိုဟော ချေဖျက်တဲ့ ဖြစ်စဉ်ကို ကြန့်ကြာစေနိုင်ပါတယ်။ အဲဒီလိုအချိန် အရက်သောက်ရင် သွေးထဲမှာ အယ်လ်ကိုဟောအဆင့်ကို များစေပြီး အရက်ကို အလွန်အကျွံသောက်ထားသလို ဖြစ်စေပါတယ်။ အဲဒီကတစ်ဆင့် အရက် နာကျဝေဒနာ ရစေနိုင်ပါတယ်။
Ref: HD

Most Popular

Healthy Life Ad
To Top