Healthy Life Ad
Child

သွေးအမျိုးအစားနှင့် ကျန်းမာရေး

ငွေကြယ်စင်ယံ

သွေးအမျိုးအစားဟာ ကျန်းမာရေး အခြေအနေအပါအဝင် အကြောင်းရင်း အမျိုးမျိုးကို ဖော်ပြပေးနိုင်ပါတယ်။ ကိုယ့်သွေးအမျိုးအစားအလိုက် ဖြစ်နိုင်ခြေများတဲ့ ကျန်းမာရေးအခြေအနေတွေကို သိတဲ့အခါ မဖြစ်အောင် ကြိုတင်ကာကွယ်စေချင်ပါတယ်။

သင်က အေသွေးပိုင်ရှင်ဖြစ်လျှင်
အေသွေးပိုင်ရှင်တွေဟာ အချိန်ကြာတဲ့အထိ မျိုးအောင်နိုင်ခြေ များပါတယ်။ အမျိုးသမီးတွေဟာ အသက်ကြီးတဲ့အထိ တိုင်အောင် သားဥထုတ်လုပ်မှု များတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

အေသွေးပိုင်ရှင်တွေက အပြုအမူတစ်ခုကို ထပ်ခါတလဲလဲလုပ်တဲ့ စိတ်ဝေဒနာ အဖြစ်များပါတယ်။ ဒါ့အပြင် အရက်စွဲဝေဒနာဖြစ်လွယ်ပြီး အစာအိမ်ကင်ဆာလည်း ဖြစ်လွယ်ကြပါတယ်။

သင်က ဘီသွေးပိုင်ရှင် ဖြစ်လျှင်
ဘီသွေးပိုင်ရှင်တွေက အားကစားလုပ်ရင် ကြွက်သားသန်စွမ်းစေပြီး စွမ်းအင်ပိုရှိနေတတ်ပါတယ်။ ဘီသွေးပိုင်ရှင်တွေရဲ့ ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်က ခါတိုင်းထက် ပိုကောင်းပြီး အဆီလောင်ကျွမ်းမှု ပိုများရတာ ဖြစ်ပါတယ်။

ဘီသွေးပိုင်ရှင်တွေက ပန်ကရိယကင်ဆာဖြစ်နှုန်းများတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ အစာအိမ်အူလမ်းကြောင်း ပိုးဝင်တာနဲ့ အစာအိမ်ကင်ဆာတို့ ဖြစ်လွယ်ပြီး အသက်ကြီးချိန်မှာ သူငယ်ပြန် မှတ်ဉာဏ်လျော့နည်းရောဂါ ဖြစ်နိုင်ခြေ ပိုများပါတယ်။

သင်က အေဘီသွေးပိုင်ရှင် ဖြစ်လျှင်
အေဘီသွေးပိုင်ရှင်တွေက စိတ်ဖိစီးမှုကို ခံနိုင်ရည်နည်းပါတယ်။ ဖိစီးမှုများတဲ့ အချိန်မှာ သင့်ခန္ဓာကိုယ်က စိတ်ဖိစီးမှုဆိုင်ရာ ဟော်မုန်း ကော်တီစောအဆင့်ကို ကြာကြာ ထိန်းမထားနိုင်ပါဘူး။ ဒါပေမဲ့ အမြင်အာရုံ ကောင်းမွန်ကြပါတယ်။

အေဘီသွေးပိုင်ရှင်တွေက နာတာရှည် အစာအိမ်ရောင်ရမ်းမှုဖြစ်လွယ် ပြီး နှလုံးရောဂါနဲ့ လေဖြတ်တာလည်း ဖြစ်နိုင်ခြေများပါတယ်။ အမျိုးသမီးတွေဟာ သားဥအိမ်ကင်ဆာ ပိုဖြစ်လွယ်ပြီး ကိုယ်ဝန်ဆောင်စဉ်မှာ ကိုယ်ဝန်ဆိပ်တက်တာ ဖြစ်နိုင်ခြေများတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

သင်က အိုသွေးပိုင်ရှင် ဖြစ်လျှင်
သင်က စိတ်ဖိစီးမှုကြောင့် ဝေဒနာဖြစ်တာမျိုးထက် ခေါင်းကိုက်တာနဲ့ ညဘက်ကောင်းကောင်း အိပ်မပျော်တာတို့ကြောင့် ရောဂါဝေဒနာတွေ ခံစားရတတ်ပါတယ်။ သင့်ခန္ဓာကိုယ်ဟာ စိတ်ဖိစီးစရာ ကောင်းတဲ့ အခြေအနေအတွင်းမှာတောင် စိတ်ဖိစီးမှုဟော်မုန်း ကော်တီစောအဆင့်ကို တည်ငြိမ်အောင် ထိန်းထားနိုင်စွမ်းရှိတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

ဒါပေမဲ့ အိုသွေးပိုင်ရှင်တွေအတွက် မကောင်း တဲ့ အချက်ရှိပါတယ်။ သင်က အမျိုးသားဆိုရင် အဝလွန်နိုင်ခြေများပါတယ်။
သင်က အမျိုးသမီးဆိုရင် အရည်အသွေးရှိတဲ့ သားဥထုတ်နိုင်ခြေနည်း ပြီး ကိုယ်ဝန်ရဖို့ ခက်ပါတယ်။ ဒါ့အပြင် အိုသွေးပိုင်ရှင်တွေဟာ H.pylori ပိုးဝင်ရာက အစာအိမ်အနာခံစားရတတ်ပါတယ်။

Ref: HD

Most Popular

Healthy Life Ad
To Top