Healthy Life Ad
Q & A

ကိုဗစ်ဖြစ်ပြီး သွေးပြစ်လာခြင်း

—–၊ ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) ၊—–

Q. ကိုဗစ်ဖြစ်ပြီး ပျောက်သွားပေမယ့် သွေးပြစ်လာတဲ့အကြောင်းလေး သိချင်လို့ပါ ဆရာ။ သွေးပြစ်တာက ဘယ်အချိန်ဆိုရင် ပြန်ကောင်းနိုင်ပါသလဲ ဆရာ။

A. သွေးပြစ်တယ်ဆိုတာ ဆေးပညာအရ ဘာကိုဆိုလိုသလဲဆိုတာ သေချာမသိဘူး ဖြစ်နေတယ်။ သွေးပြစ်တယ်ဆိုတာ သွေးထဲမှာ Plasma ဆိုတဲ့ သွေးရည်ကြည်နည်းသွားပြီးတော့ သွေးနီဥ (RBC) များတာကို သွေးပြစ်တယ်လို့လည်း ဆေးပညာမှာသုံးပါတယ်။ ကိုဗစ်ဗိုင်းရပ်စ်ဝင်သွားသူတွေရဲ ့ သွေးကြောနံရံတွေမှာ သွေးခဲလေးတွေဖြစ်တယ်။ သွေးခဲလေးတွေဖြစ်တဲ့အတွက် ကိုယ်တွင်းအင်္ဂါ အတော်များများကို ထိတယ်လို့လည်းပြောတယ်။ ဦးနှောက်သွေးကြော၊ နှလုံးသွေးကြော၊ ကျောက်ကပ်သွေးကြော၊ အဆုတ်သွေးကြောနဲ့ အသည်းသွေးကြောတွေ ပါတာပေါ့။ ဒီသက်ဆိုင်ရာသွေးကြောတွေမှာ သွေးခဲလေးတွေ ပိတ်ဆို့မှုဖြစ်ရင် အဲဒီအင်္ဂါတွေကို သွေးမရောက်ဘူး။ နောက်ဆက်တွဲအနေနဲ့ သက်ဆိုင်ရာအင်္ဂါထိခိုက်မှုတွေ ဖြစ်တယ်လို့ဆိုလိုတယ်။ ဒါကို သွေးပြစ်တယ်လို့တော့ ဆေးပညာဝေါဟာရအရ မသုံးပါဘူး။ သွေးခဲလေးတွေ ပိတ်ဆို့တယ်လို့ပဲ သုံးပါတယ်။ ဒါကြောင့် တချို ့လေ့လာမှုတွေအရ သွေးကျဲဆေးတွေပေးရင် ဒီအင်္ဂါရပ်တွေ ထိခိုက်မှုကို လျော့ကျစေနိုင်တယ်ဆိုပြီးတော့ ကိုဗစ်ဖြစ်တဲ့သူတွေကို သွေးကျဲဆေးပေးပြီး ကုသတာရှိပါတယ်။ သွေးခဲလေးတွေပိတ်ဆို့တာက ကိုဗစ်ဖြစ်နေချိန် ဗိုင်းရပ်စ်ခန္ဓာကိုယ်မှာ ပွားများပြီးတော့ တိုက်ခိုက်တဲ့အချိန်မှာဖြစ်တဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။ ကိုဗစ်ဖြစ်ပြီး ဗိုင်းရပ်စ်မရှိတော့ဘဲ ရောဂါပျောက်ကင်းသွားတဲ့အချိန်မှာ သွေးခဲပိတ်ဆို့မှုတွေကလည်း အနည်းနဲ့အများ ပျောက်သွားပါတယ်။ ဒါပေမဲ့ သွေးခဲတုန်းက ပျက်စီးထိခိုက်ခဲ့ဖူးတဲ့ အင်္ဂါရပ်တွေရဲ ့ ထိခိုက်မှုတွေကတော့ ဆက်ကျန်ခဲ့နိုင်ပါတယ်။ သွေးခဲတုန်းက အဆုတ်၊ အသည်း၊ ကျောက်ကပ်၊ ဦးနှောက်၊ နှလုံး စတာတွေမှာ ထိခိုက်ခဲ့တယ်ဆိုရင် ဒါတွေက နာတာရှည်ဆက်ပြီး ဖြစ်သွားနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top