Healthy Life Ad
International

ခါးနာဝေဒနာ ပြင်းထန်စွာ ခံစားရပြီးနောက် မိန်းမကိုယ်၊ သားအိမ်နှင့် သားအိမ်ခေါင်းနှစ်ခုစီ ရှိကြောင်း တွေ့ရှိခဲ့

မိုးမင်း်ထန်း

ကယ်လီဖိုးနီးယားမှ ငယ်ရွယ်အောင်မြင်တဲ့ YouTube စတား ကက်ဆန်ဒရာဘက်ခ်ဆန်ဟာ ဝက်ခြံ အချိန်ကြာ ကြာ ပေါက်ခဲ့စဉ်က တခြားသူတွေရဲ့ လှောင်ပြောင်ပြစ် တင်မှုတွေကို ဘယ်လိုရင်ဆိုင်နေထိုင်ခဲ့ရတယ်ဆိုတာ “DiamondsAndHeels14” ချန်နယ်မှာ ဖော်ပြခဲ့ရာ လူ ထောင်ပေါင်းများစွာက သဘောကျခဲ့ပါတယ်။ အခုအခါမှာတော့ ခါးနာဝေဒနာခံစားခဲ့ရတဲ့အတွက် ဆရာဝန်ဆီ သွားပြခဲ့ရာ အာထရာဆောင်း၊ လျှပ်စစ်သံလိုက်ဓာတ်မှန်နဲ့ သွေးစစ်ဆေးမှုတို့ ပြုလုပ်ပြီးချိန်မှာ အသက် ၂၂ နှစ်အရွယ် ကက်ဆန်ဒရာရဲ့ ဘဝပြောင်းလဲသွားခဲ့ပြန်ပါတယ်။ အဲဒါကတော့ သူ့မှာ ကျောက်ကပ်တစ်ခုပဲ ရှိပြီး မိန်းမကိုယ်နှစ်ခု၊ သားအိမ်နှစ်ခုနဲ့ သားအိမ်ခေါင်း နှစ်ခု ရှိကြောင်း တွေ့ရှိခဲ့ရလို့ပါပဲ။

ကက်ဆန်ဒရာရဲ့ အခြေအနေကို ဆေးပညာအရ သားအိမ်ဟာ မိန်းမကိုယ် ပြည့်ပြည့်ဝ၀ ကွဲပြားဖြစ်ပေါ်စေတဲ့ Uterus Didelphysလို့ ခေါ်ခဲ့ပါ တယ်။ ပုံမှန်အားဖြင့် သားအိမ်ဟာ ပြွန်နှစ်ခုကစပြီး သားအိမ်ကြီးတစ်ခုအဖြစ် ပေါင်းဆုံသွားပေမယ့် ကက်ဆန်ဒရာရဲ့ ပြွန်တွေကတော့ အပြည့်အဝ မဆက်သွားဘဲ မိန်းမကိုယ်နှစ်ခု ဖြစ်လာခဲ့တာပါ။ ဒီအ ခြေအနေက ကျောက်ကပ် ပုံမမှန်ဖြစ်တာနဲ့လည်း ဆက်စပ်နေတဲ့အတွက် ကျောက်ကပ်တစ်လုံးတည်း ဖြစ်နေရတယ်လို့ မေရိုဆေးခန်းက ဆိုပါတယ်။

34

” ကျွန်မငယ်ငယ်တုန်းက ဒီအခြေအနေကို မသိခဲ့ပေမယ့် တစ်လမှာ နှစ်ကြိမ် ရာသီလာပါတယ်၊ တစ်လမှာ ၂၃-၂၈ ရက်လောက်က ရာသီလာနေပြီး ရာသီအကြိုဝေဒနာတွေ ဖြစ်တဲ့ ဗိုက်အောင့်တာနဲ့ စိတ်တိုတာကို အမြဲ ခံစားခဲ့ရပါတယ်” လို့ ကက်ဆန်ဒရာက ဆိုပါတယ်။

မိန်းမကိုယ်နှစ်ခုနဲ့ ပုံမှန်ဘဝမှာ နေထိုင်နိုင်ပေမယ့် ကက်ဆန်ဒရာဟာ ကိုယ်ဝန်ဆောင်ရာမှာ အခက်အခဲရှိကောင်းရှိနိုင်ပါတယ်။ သားအိမ်နှစ်ခုရှိတဲ့အတွက် မျိုးမအောင်တာ ဒါမှမဟုတ် ကိုယ်ဝန်ပျက်ကျတာ ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် လမစေ့ ကလေးမွေးတာ၊ မွေးရာပါ ချို့ယွင်းချက်ပါတဲ့ ကလေးမွေးတာတွေ ဖြစ်နိုင်တယ်လို့ မေရိုဆေးခန်းက ဆိုပါ တယ်။ ဒါပေမဲ့ သားအိမ်တစ်ခုစီမှာ ကလေးတစ်ဦးနဲ့ တစ်ချိန်တည်းမှာ ကိုယ်ဝန်နှစ်ခု ရနိုင်ခြေလည်း ရှိ တယ်လို့ သိရပါတယ်။

” ဒါက လိင်ဆက်ဆံမှုမှာတော့ စိတ်အနှောင့်အယှက် ဖြစ်စေမှာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ကိုယ်ဝန်ဆောင်ရာမှာတော့ အခက်အခဲရှိလာနိုင်ပါတယ်” လို့ နယူးယော့ခ် သမား တော် ဒေါက်တာဟားရစ်က ဆိုပါတယ်။ ကက်ဆန်ဒရာဟာ ကမ္ဘာပေါ်မှာ သားအိမ်နှစ်ခုပါရှိတဲ့ အမျိုးသမီး ၁၀ဝ ထဲက တစ်ဦးဖြစ် လာခဲ့ပါတယ်။

Ref: HD

Most Popular

Healthy Life Ad
To Top