Healthy Life Ad
Health Tips

လေ့ကျင့်ခန်းလုပ်လေ့ရှိသူတို့အတွက် အဓိကလိုအပ်သည့် အာဟာရဓာတ် ၁၀ မျိုး

၊ ကိုမိုး ၊

အားကစားပုံမှန်လုပ်သူတွေ၊ လေ့ကျင့်ခန်း လုပ်လေ့ရှိသူတွေအတွက် တက်ကြွတဲ့ခန္ဓာကိုယ်နဲ့ လိုက်ဖက်အောင် အစာအာဟာရတွေကို ကောင်းစွာဖြည့်တင်း ပေးရပါမယ်။

(၁) အမျှင်ဓာတ်
– တစ်နေ့တာလိုအပ်သော ပမာဏ
၂၁ -၂၅ ဂရမ်

– ဘာတွေကနေ ရနိုင်သလဲ
ဟင်းနုနယ်ရွက် တစ်ခွက်၊ ကောက်နှံတစ်ခုလုံးစာ(ဆန်လုံးညို၊ ခေါက်ဆွဲညိုချက်ပြီးသား) တစ်ခွက်၊ ပဲမည်းခွက်တစ်ဝက်စားရင် ရနိုင်ပါတယ်။

– ဘယ်နေရာအတွက် အသုံးဝင်သလဲ
ဂလူးကို့စ်အဆင့်ကို ထိန်းချုပ်ရာမှာ အသုံးဝင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ချိန်အတွင်း စွမ်းအင်အဆင့် မြင့်တက်စေပါတယ်။ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်လုပ်ချိန်အတွင်း သွေးတွင်းသကြားဓာတ် လျော့နည်းသူတွေဟာ စွမ်းအင်လိုအပ်ချက် များနေတတ်ပါတယ်။

(၂) ကယ်လ်ဆီယမ်ဓာတ်
– တစ်နေ့တာလိုအပ်သော ပမာဏ
၁၀ဝ၀ မီလီဂရမ်

– ဘာတွေကနေ ရနိုင်သလဲ
ကယ်လ်စီယမ်အားဖြည့်ကွေကာ တစ်ခွက်၊ အဆီနည်းဒိန်ချဉ် တစ်ခွက် (ရှစ်အောင်စ) စားရင် ရနိုင်ပါတယ်။

– ဘယ်နေရာအတွက် အသုံးဝင်သလဲ
ကယ်လ်စီယမ်က အရိုးနဲ့သွားတွေကို အကာအကွယ်ပေးပြီး အရိုးပါးရောဂါနဲ့ အရိုးအက်ကွဲတာတို့မဖြစ်အောင် ကာကွယ်ပေးပါတယ်။ သွေးကြောတွေ၊ ကြွက်သားဆွဲဆန့်တာနဲ့ အာရုံကြောစနစ်တွေအတွက် မရှိမဖြစ်အရေးပါတဲ့ဓာတ်လည်း ဖြစ်ပါတယ်။

(၃) မဂ္ဂနီဆီယမ်ဓာတ်
– တစ်နေ့တာလိုအပ်သော ပမာဏ
အမျိုးသမီး အသက် ၁၉နှစ် – ၃၀နှစ် = ၃၁၀ မီလီဂရမ်၊
အမျိုးသမီး အသက် ၃၀ နှစ်နှင့်အထက် = ၃၂၀ မီလီဂရမ်။

– ဘာတွေကနေ ရနိုင်သလဲ
လှော်ထားတဲ့ Almond သစ်စေ့တစ်အောင်စ၊ ဟင်းနုနယ်ရွက်ဟင်း တစ်ခွက်။

– ဘယ်နေရာအတွက် အသုံးဝင်သလဲ
မဂ္ဂနီဆီယမ်က ခန္ဓာကိုယ်ထဲမှာ အရေးပါဆုံးသတ္တုဓာတ်တစ်မျိုးဖြစ်ပြီး အရိုးတွေထဲမှာလည်း အများဆုံးတွေ့နိုင်ပါတယ်။ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေနဲ့ တစ်သျှူးတွေထဲမှာလည်း တွေ့နိုင်ပြီး ကြွက်သားလုပ်ငန်းဆောင်တာနဲ့ နှလုံးခုန်နှုန်းကို ကောင်းမွန်စေပါတယ်။ လေ့ကျင့်ခန်းကို ထိထိရောက်ရောက် လုပ်ဆောင်ဖြစ်အောင် ပံ့ပိုးပေးပါတယ်။

(၄) ဗီတာမင်အီး
– တစ်နေ့တာလိုအပ်သော ပမာဏ
၁၅ မီလီဂရမ်

– ဘာတွေကနေ ရနိုင်သလဲ
ဟင်းနုနယ်ရွက် တစ်ခွက်၊ လှော်ထားတဲ့ Almond သစ်စေ့တစ်အောင်စ၊ ဗီတာမင်ဒီအားဖြည့်ကွေကာ တစ်ခွက်။

– ဘယ်နေရာအတွက် အသုံးဝင်သလဲ
ဗီတာမင်အီးက အင်တီအောက်ဆီးဒင့်တစ်မျိုးဖြစ်ပြီး မကောင်းတဲ့ဖရီးရယ်ဒီကယ်တွေဒဏ် မကျရောက်အောင် ကာကွယ်ပေးပါတယ်။ ဖရီးရယ်ဒီကယ်တွေက ခန္ဓာကိုယ်ထဲကဆဲလ်ကောင်းတွေကို ဖျက်ဆီးတတ်ပါတယ်။

(၅) ဗီတာမင်စီ
– တစ်နေ့တာလိုအပ်သော ပမာဏ
၇၅ မီလီဂရမ်

– ဘာတွေကနေ ရနိုင်သလဲ
လိမ္မော်သီးတစ်လုံး၊ ပန်းဂေါ်ဖီစိမ်းတစ်ခွက်နဲ့ ငရုတ်သီးအနီ ခွက်တစ်ဝက်။

– ဘယ်နေရာအတွက် အသုံးဝင်သလဲ
ဗီတာမင်စီက အင်တီအောက်ဆီးဒင့်ပါဝင်မှုများပြီး ပြင်းထန်တဲ့ လေ့ကျင့်ခန်းလုပ်ဆောင်ပြီးနောက် ခန္ဓာကိုယ်ကို ပြန်လည်သန်စွမ်းစေပါတယ်။

(၆) ပရိုတင်းဓာတ်
– တစ်နေ့တာလိုအပ်သော ပမာဏ
၄၆ ဂရမ်

– ဘာတွေကနေ ရနိုင်သလဲ
အဆီနည်းအသား၊ ဒိန်ချဉ်ရှစ်အောင်စပါ တစ်ခွက်နဲ့ ပဲသီးတစ်ခွက်။

– ဘယ်နေရာအတွက် အသုံးဝင်သလဲ
ပရိုတင်းဓာတ်က ကြွက်သားတွေကို ပြန်လည်ပြုပြင်ပေးဖို့နဲ့ တည်ဆောက်ပေးဖို့အတွက် မရှိမဖြစ်အရေးပါတဲ့ အရာပါ။ ခန္ဓာကိုယ်ထဲမှာ ပရိုတင်းဓာတ် အလုံအလောက်ရှိတာကြောင့် သက်လုံကောင်းစေပြီး လေ့ကျင့်နိုင်စွမ်း ရှိစေပါတယ်။

(၇) သံဓာတ်
– တစ်နေ့တာလိုအပ်သော ပမာဏ
၁၈ ဂရမ်

– ဘာတွေကနေ ရနိုင်သလဲ
ဟင်းနုနယ်ရွက် ဟင်းတစ်ခွက်၊ ပဲမည်းတစ်ခွက်။

– ဘယ်နေရာအတွက် အသုံးဝင်သလဲ
သံဓာတ်က ခန္ဓာကိုယ်အနှံ့ အောက်ဆီဂျင် ပို့ဆောင်ပေးပါတယ်။ သံဓာတ်မရှိသူတွေဟာ ခန္ဓာကိုယ်ကျန်းမာရေးမကောင်းဘဲ သွေးအားနည်းတာနဲ့ နုံးချည့်ညောင်းညာတာတို့ ဖြစ်တတ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ချိန်အတွင်း သံဓာတ်ချို့တဲ့တာကြောင့် ပျို့ချင်အန်ချင်စိတ်ဖြစ်ပေါ်တာနဲ့ မူးဝေဖျော့တော့တာတို့ ဖြစ်တတ်ပါတယ်။

(၈) ဗီတာမင်ဒီ
– တစ်နေ့တာလိုအပ်သော ပမာဏ
၆၀ဝ IU ။

– ဘာတွေကနေ ရနိုင်သလဲ
တူနာငါး၊ ဆယ်လ်မွန်ငါး၊ မက်ကရယ်ငါးနဲ့ ဗီတာမင်ဒီဖြည့်စွက်ဆေးတွေကနေ ရနိုင်ပါတယ်။

– ဘယ်နေရာအတွက် အသုံးဝင်သလဲ
ကယ်လ်စီယမ်စုပ်ယူမှု ကောင်းစေပြီး ကြွက်သားနဲ့အရိုးထုထည်ကို သန်စွမ်းစေပါတယ်။

(၉) ဗီတာမင်အေ
– တစ်နေ့တာလိုအပ်သော ပမာဏ
၇၀ဝ ICU နဲ့ အားကစားသမားတွေအတွက် ၃၀ဝ၀ ICU ။

– ဘာတွေကနေ ရနိုင်သလဲ
အာလူးမီးဖုတ် တစ်လုံး။

– ဘယ်နေရာအတွက် အသုံးဝင်သလဲ
အင်တီအောက်ဆီးဒင့်တစ်မျိုး ဖြစ်တဲ့အတွက် တစ်သျှူးတွေကျန်းမာဖို့နဲ့ ဆဲလ်တွေပြန်လည်ပြုပြင်ဖို့ အသုံးဝင်ပါတယ်။ မျက်စိအမြင်အာရုံကို ကောင်းမွန်စေပြီး ကြက်တောင်၊ တင်းနစ်စတဲ့ အားကစားတွေမှာ မရှိမဖြစ်အရေးပါတဲ့ အာဟာရဓာတ်ပဲ ဖြစ်ပါတယ်။

(၁၀) ပိုတက်ဆီယမ်
– တစ်နေ့တာလိုအပ်သော ပမာဏ
၄ ဒသမ ၇ ဂရမ်

– ဘာတွေကနေ ရနိုင်သလဲ
အာလူးမီးဖုတ်၊ ငှက်ပျောသီး။

– ဘယ်နေရာအတွက် အသုံးဝင်သလဲ
ကာဗိုဟိုက်ဒရိတ်ချေဖျက်ရာမှာ အရေးပါပြီး နှလုံးခုန်နှုန်းကို တည်ငြိမ်စေပါတယ်။

Most Popular

Healthy Life Ad
To Top