Healthy Life Ad
Health Tips

ပိန်းဥ၏ အာဟာရတန်ဖိုး ငါးရပ်

မီမိုး (ဆေးဝါးတက္ကသိုလ်)

ပိန်းဥကို အာလူးအစား အသုံးပြုနိုင်ပါတယ်။ အပေါ်ယံအားဖြင့် မည်းနက်ပြီး အမွှေးရှိတဲ့ အရေခွံ ရှိကာ အတွင်းမှာ စိုစွတ်တဲ့ အဖြူရောင်အသား ရှိပါတယ်။ ပိန်းဥကို ပြုတ်တာ၊ ပေါင်းတာ၊ ကြော်တာ၊ ချက်တာတို့ ပြုလုပ်ပြီး စားနိုင်ပါတယ်။ စွပ်ပြုတ်နဲ့ တခြား အသားဟင်း တွေထဲမှာလည်း ထည့်စားလို့ ရပါတယ်။

(၁) ကယ်လိုရီနည်းပါးခြင်း

ပိန်းဥမှာ ဟင်းနုနယ်ရွက် ဒါမှမဟုတ် ပန်းဂေါ်ဖီစိမ်းမှာထက် ကယ်လိုရီ ပိုမိုပါဝင်တယ် ဆိုပေမယ့် တကယ်တမ်းမှာ ကယ်လိုရီနည်းပါးတဲ့ အမျိုးအစားပဲ ဖြစ်နေပါတယ်။

(၂) အဆီနှင့် ပရိုတင်း ပါဝင်မှု နည်းခြင်း

သက်သတ်လွတ် စားသူဖြစ်ရင် ပိန်းဥမှာ ပရိုတင်းဓာတ် ပါဝင်မှုများပါတယ်။ ပိန်းဥ ခွက်တစ်ဝက်စာ ပမာဏမှာ ပရိုတင်းတစ်ဂရမ် ပါဝင်ပါတယ်။ အဆီလည်း လုံးဝ ကင်းပါတယ်။

(၃) ကျန်းမာရေးနှင့် ညီညွတ်သည့် ကာဗိုဟိုက်ဒရိတ် ပါဝင်ခြင်း

ကစီဓာတ်များတဲ့ အစာဖြစ်တဲ့ ပိန်းဥမှာ ဟင်းသီးဟင်းရွက် အများစုထက် ကာဗိုဟိုက်ဒရိတ် ပိုမို ပါဝင်နေပါတယ်။ ကာဗိုဟိုက်ဒရိတ် ပါဝင်တဲ့အပြင် ကစီဓာတ်နဲ့ အမျှင်ဓာတ်ပါဝင်မ ှုများတာကြောင့် ကြာကြာ ဗိုက်ပြည့်စေပါတယ်။ ပိန်းဥခွက်(ရေနွေးကြမ်းခွက်)တစ်ဝက်မှာ ကာဗိုဟိုက်ဒရိတ် ၁၄ဂရမ်၊ အမျှင် ဓာတ် ၂ ဂရမ်နဲ့ အမျှင်ဓာတ် တစ်နေ့တာလိုအပ်တဲ့ ပမာဏရဲ့ ၈ ရာခိုင်နှုန်းပါဝင်ပါတယ်။

(၄) ဆိုဒီယမ် ပါဝင်မှု နည်းပါးခြင်း

ပိန်းဥမှာ ဆိုဒီယမ် မပါသလောက်နီးပါးပါပဲ။ ဒါကြောင့် ဆိုဒီယမ်ဓာတ်ရရှိမှု မများအောင် သတိထား နေသူတွေ၊ ရေဓာတ်ဆွဲပြီး ကိုယ်အလေးချိန် တက်မှာ စိုးရိမ်နေသူတွေ အတွက် သင့်တော်ပါတယ်။

(၅) ဗီတာမင်နှင့် သတ္တုဓာတ် ပါဝင်မှုများခြင်း

ပိန်းဥမှာ ပိုတက်ဆီယမ် ပါဝင်မှုများပါတယ်။ ပိုတက်ဆီယမ်က ခန္ဓာကိုယ်ထဲက ဆဲလ်အားလုံး၊ တစ်သျှူးအားလုံးနဲ့ အင်္ဂါအစိတ်အပိုင်းတွေ အတွက် အရေးပါတဲ့ သတ္တုဓာတ်တစ်မျိုးပါ။ မဂ္ဂနိစ် ပါဝင်မှု မြင့်မားတဲ့အတွက် ခန္ဓာကိုယ်ထဲမှာ အလုပ်လုပ်နေတဲ့ အင်ဇိုင်းတွေအတွက် သင့်တော်ပါတယ်။ ဗီတာမင် B 6 က ပရိုတင်း၊ အဆီနဲ့ ကာဗိုဟိုက်ဒရိတ်တွေကို ချေဖျက်ကာ စွမ်းအင်ရရှိစေပါတယ်။

Most Popular

Healthy Life Ad
To Top