Healthy Life Ad
Q & A

သားအိမ်ထုတ်ထားရင် ဘယ်လိုနေထိုင်သင့်သလဲ . .

မေး. သားအိမ်ထုတ်ထားတဲ့ အမျိုးသမီးတွေအနေနဲ့ ဘယ်လိုနေထိုင်သင့်တယ်ဆိုတာ သိချင်ပါတယ်။ တကယ်လို့ အိမ်ထောင်ပြုဖို့အကြောင်းရှိလာရင် အိမ်ထောင်ပြုလို့ရပါသလားရှင်။ အိမ်ထောင်တည်မြဲပါ့မလား သိချင်ပါတယ်။
သီရိ။
ဒေါက်တာမြတ်ထွဋ်ညွန့်မှ ဖြေကြားသည်

ဖြေ. သားအိမ်ထုတ်ခြင်း (Hysterectomy) ဟာ အမျိုးသမီးတွေမှာ ဒုတိယအများဆုံး ခွဲစိတ်ကုသရတဲ့အကြောင်းရင်း ဖြစ်ပါတယ်၊။ ပထမအများဆုံးခွဲစိတ် ကုသရတဲ့အကြောင်းရင်းကတော့ ဗိုက်ခွဲပြီး ကလေးမွေးတာ ဖြစ်ပါတယ်။

သားအိမ်ထုတ်ပြီး ကုသဖို့လိုအပ်တဲ့ အခြေအနေများစွာ ရှိပါတယ်။ ကင်ဆာကျိတ်၊ သာမန်အကျိတ်၊ သားအိမ်မြှေးနေရာ လွဲမှားရောက်တဲ့ရောဂါ (Entrometriosis) ၊ နာတာရှည်ပိုးဝင်ရောင်ရမ်းနာ စသဖြင့် အမျိုးမျိုးသောအကြောင်းတွေကြောင့် သားအိမ်ထုတ်ရပါတယ်၊။

ရောဂါဖြစ်ရတဲ့အကြောင်းရင်းနဲ့ လူနာအခြေအနေပေါ်မူတည်ပြီး သားအိမ်ကိုပဲထုတ်နိုင်သလို သားအိမ်ခေါင်းကိုပါ ထုတ်တာလည်းရှိပါတယ်၊။ သားဥအိမ်၊ သားဥပြွန်ကို ချန်ထားတာလည်းရှိသလို မချန်ထားဘဲ ထုတ်တာလည်းရှိပါတယ်။

အများအားဖြင့် သားအိမ်ထုတ်တာကြောင့် နောက်ဆက်တွဲပြဿနာ နည်းပါတယ်။

တကယ်လို့ သားဥအိမ်ပါထုတ်ခဲ့ရတယ်ဆိုရင်၊ အသက်ကလည်းငယ်သေးရင် ဟော်မုန်းအစားထိုးကုထုံးနဲ့ ကုဖို့လိုကောင်း လိုပါမယ်။ တတ်ကျွမ်းနားလည်တဲ့ဆရာဝန်နဲ့ ပြသစစ်ဆေးကုသဖို့ လိုပါမယ်။

အိမ်ထောင်ပြုလို့ရပေမယ့် ကလေးမရနိုင်တော့တာကိုတော့ သိထားရပါမယ်။ အိမ်ထောင်ဘက်က ဒါကိုလက်ခံနိုင်ရင် ဖြစ်ပါတယ်။ ကျန်တဲ့ပြဿနာ ကြီးကြီးမားမားမရှိပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top