Healthy Life Ad
Life Style

မယ်လမင်းပန်းကန်ခွက်ယောက်ထဲ ထမင်း၊ ဟင်းပူပူထည့်လျှင် ဓာတ်ပြုပြီး ရောဂါဝေဒနာဖြစ်လာနိုင်

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

မယ်လမင်းအသုံးအဆောင်များ၊ မယ်လမင်းထမင်းဘူး၊ ဟင်းဘူးများထဲသို့ ထမင်းပူပူ၊ ဟင်းပူပူထည့်စားလျှင် ဓာတ်ပြုသွားတတ်ကြောင်း၊ ထိုသို့ဓာတ်ပြုခြင်းကြောင့် ရေရှည်တွင် ဆီးချိုရောဂါနှင့် ကင်ဆာရောဂါတို့ ဖြစ်လာနိုင်ကြောင်း အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး ဒေါက်တာဒေါ်ဝင်းဝင်းမြင့်က Healthy Life ဂျာနယ်သို့ ပြောကြားသည်။

မယ်လမင်းအသုံးအဆောင်တွေ၊ မယ်လမင်းထမင်းဘူး၊ ဟင်းဘူးတွေထဲ ထမင်းပူပူ၊ ဟင်းပူပူထည့်စားရင် ဓာတ်ပြုသွားပါတယ်။ အဲဒီလိုဓာတ်ပြုတာကြောင့် ရေရှည်မှာ ဆီးချိုရောဂါ ဖြစ်နိုင်ပါတယ်။ ကင်ဆာရောဂါ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အဓိကသုံးသင့်တာက ကြွေပန်းကန်၊ ဖန်ပန်းကန် စတာတွေဖြစ်ပါတယ်” ဟု ဒေါက်တာဒေါ်ဝင်းဝင်းမြင့်က ပြောသည်။

ယခင်က မယ်လမင်းအသုံးအဆောင်များကို လူအများသဘောကျ သုံးစွဲခဲ့သော်လည်း ရေရှည်မခံသဖြင့် အသုံးနည်းသွားကြောင်း အိမ်သုံးပစ္စည်းများရောင်းချသူ မသဉ္ဓာကပြောသည်။

“ အခုနောက်ပိုင်းမှာတော့ လူတွေက မယ်လမင်းနဲ့လုပ်ထားတဲ့ အသုံးအဆောင်တွေကို သိပ်မသုံးတော့ဘဲ ရေသောက်ရင်တောင် ဖန်ခွက်နဲ့ သောက်လာကြတာကို တွေ့ရပါတယ်၊ ထမင်းစားရင်လည်း ကြွေပန်းကန်နဲ့ စားလာကြပါတယ်” ဟု ဒေါက်တာဒေါ်ဝင်းဝင်းမြင့်က ဆိုသည်။

ပလတ်စတစ်ရေသန့်ဘူးများကို ကားထဲတွင်ထည့်ထားပြီး သောက်သုံးနေမှုများ ရှိနေသဖြင့်-

“ ဖြစ်နိုင်ရင်ရေသန့်ဘူးကို ဖန်နဲ့လုပ်ထားတဲ့ ပုလင်းတွေထဲထည့်သောက်တာက ပိုကောင်းပါတယ်။ အခုရရှိနေတဲ့ ရေသန့်ဘူးတွေက ပလတ်စတစ်နဲ့လုပ်ထားတဲ့အတွက် နေအပူဒဏ်ထိမိရင် ဓာတ်တုံ့ပြန်မှု (Reaction) တွေဖြစ်ပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်” ဟု ဒေါက်တာဒေါ်ဝင်းဝင်းမြင့်က ပြောသည်။

Most Popular

Healthy Life Ad
To Top