Healthy Life Ad
Q & A

ကျိုထားတဲ့ ရေနွေးပူပူကို မယ်လမင်း/ ပလတ်စတစ်နဲ့ လုပ်ထားတဲ့ ဓာတ်ဘူးထဲ လှောင်ပြီး သောက်သင့်၊ မသင့်

မေး။ ။ ကျိုထားတဲ့ ရေနွေးပူပူကို မယ်လမင်း ဒါမှမဟုတ် ပလတ်စတစ်နဲ့ လုပ်ထားတဲ့ ဓာတ်ဘူးထဲမှာ လှောင်ထားပြီး ငှဲ့သောက်တာက ကျန်းမာရေးနဲ့ မညီညွတ်ဘဲ ကင်ဆာဖြစ်တတ်တယ်လို့ သိရပါတယ်။ အဲဒါ ဟုတ်ပါသလား။ ဟုတ်ရင် နောက်ဆက်တွဲ ဘယ်လိုဆိုးကျိုးတွေ ဖြစ်တတ်သလဲ။
ဦးသန့်ဇင်၊ ကျောက်တံတားမြို့နယ်။

ဒေါက်တာမြတ်ထွဋ်ညွန့်မှ ဖြေကြားပေးပါသည်။

ဖြေ။ ။ မယ်လမင်းခွက်၊ ပလတ်စတစ်ဘူးစတာတွေထဲကို ပူလွန်းတဲ့ စားစရာ၊သောက်စရာတွေ မထည့်သင့်ပါ။ စားစရာထည့်ပြီး မိုက်ခရိုဝေ့ဖ်ထဲထည့်ကာ ချက်ပြုတ်တာမျိုးရှောင်ပါ။ အပူရှိန်ကြောင့် မယ်လမင်းနဲ့ အဆိပ်သင့်စေတဲ့ဓာတ်တွေ ထွက်လာစေပြီး ကျောက်ကပ်၊ အသည်းတို့ကိုထိခိုက်စေနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top