Healthy Life Ad
Q & A

ကလေးမွေးပြီးခါစမိခင် နို့ချိုတိုက်ကျွေးနေချိန် အာဟာရဓာတ်ပြည့်ဝနေအောင် ဘယ်လိုစားသောက်သင့်သလဲ .

ဒေါက်တာဒေါ်ဝင်းဝင်းမြင့်
(အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)

Q. ကလေးမွေးပြီးခါစ မိခင်နို့ချိုတိုက်ကျွေးနေချိန် အာဟာရဓာတ်ပြည့်ဝနေအောင်ဘယ်လိုအစားအသောက်တွေကို အဓိကစားပေး သင့်ပါသလဲ။

A. ကလေးမွေးပြီးခါစ မိခင်နို့ချို တိုက်ကျွေးနေချိန် အာဟာရဓာတ်ပြည့်ဝနေဖို့ဆိုရင် တစ်ရက်ကို စွပ်ပြုတ်ရည် အနည်းဆုံး ခြောက်ခွက်သောက်ပေးရပါမယ်။

ကြက်သားကို ပြုတ်မယ်၊ ဖရုံသီး ဒါမှမဟုတ် ကျောက်ဖရုံသီးထည့်မယ် . . အရွက်ဆိုရင်လည်း မုန်ညင်း ဒါမှမဟုတ် ရေမုန်ညင်း ထည့်မယ် . . အဲဒါကို တစ်ရက်ခြောက်ခွက် သောက်ပေးရပါမယ်။လက်ဖက်ရည်ပန်းကန်လုံးနဲ့ခြောက်ခွက် (၆၀ဝ ml ) သောက်ရပါမယ်။ ပြီးတော့ တစ်ရက်မှာ အသီးဖျော်ရည် နှစ်ခွက်သောက်ရပါမယ်။

ကြက်သားစွပ်ပြုတ်ရည်ချည်း သောက် နေရရင် ငြီးငွေ့မှာစိုးလို့ နောက်တစ်နေ့မှာ ဟင်းခါးသောက်ရမယ်။ ဟင်းခါးချက်တဲ့အခါ ပုစွန်ခြောက်လုံးဝမထည့်ဘဲ ငါးအစိုနဲ့ ချက်ရမယ်၊ ညှီတယ်လို့ထင်ရင် ငရုတ်ကောင်း၊ ရှမ်း နံနံ၊ ဗမာနံနံထည့်သောက်ရမယ်။

ကလေးမွေးပြီးခါစမိခင်တွေကို ကြက်သားစွပ်ပြုတ် တစ်ရက်၊ ဟင်းခါးတစ်ရက်၊ ကြာစွယ်ဟင်းခါးတစ်ရက်၊ ကြာရိုးဟင်းရည် တစ်ရက်၊ ပိန်းဥဟင်းချို တစ်ရက်၊ ပဲနီလေးနဲ့ ကြာဇံဟင်းရည် တစ်ရက်ဆိုပြီး အားလုံး ခြောက်မျိုးလောက်ကို ခြောက်ပတ်ပြည့်အောင ်သောက်ခိုင်းပါတယ်။

ညခြောက်နာရီမှာ သံပရာရည်၊ လိမ္မော်ရည် တစ်မျိုး သောက်ရမယ်၊ ညရှစ်နာရီမှာ ဖရဲသီး၊ ပန်းသီး ဖျော်ရည်တစ်မျိုးသောက်ရမယ် . . အသီးအစစ်ဖျော်ရည်ပဲ သောက်ရမှာ ဖြစ်ပါတယ်။ အသီးဖျော်ရည်ကို နှစ်ခွက်ကိုလည်း ခြောက်ပတ်ပြည့်အောင်သောက်ရမယ်။

တကယ်လို့ မနက်မနက် မူးတယ်ဆိုရင် နို့တစ်ခွက်သောက်ရပါမယ်။ ခြောက်ပတ်ပြည့်တဲ့အထိ ဒီအတိုင်း သောက်ပေးမယ်ဆိုရင် မွေးထားတဲ့ကလေးကလည်း အာဟာရဓာတ် ပြည့်ဝတဲ့ မိခင်နို့ချိုကို ရရှိမှာဖြစ်ပါတယ်။ ခြောက်ပတ်ပြည့်မှ မသောက်ချင်ရင် ဖြုတ်လိုက်လို့ရပါတယ်။

Most Popular

Healthy Life Ad
To Top