Healthy Life Ad
Q & A

အဆင်သင့်စာ စားပြီး အဝမလွန်ချင် . . .

မေး. ကျွန်မက Fast Foodတွေကို ကြိုက်ပါတယ်။ အဝမလွန်အောင် ကိုယ်အလေးချိန်ကို ပုံမှန်အတိုင်းထိန်းနိုင်ဖို့အဲဒီအစားအသောက်နဲ့ ပတ်သက်ပြီး ဘယ်လို သတိထားသင့်ပါသလဲ ဆရာ။
မိုးမိုး၊ ကြည့်မြင်တိုင်။

ပါမောက္ခဦးကိုကို ဆီးချိုနှင့်အထွေထွေရောဂါအထူးကု ဆရာဝန်ကြီးမှ ဖြေကြားပေးပါသည်။

ဖြေ. စားသောက်တဲ့နေရာမှာ နေ့စဉ်ကယ်လိုရီအဝင်နဲ့ အထွက် မျှရပါမယ်။ ဥပမာ ဒိုးနတ်မုန့်တစ်ခုကို စားလိုက်ရင် ကယ်လိုရီ ၂၅၀ ရသွားပါတယ်။ အဲဒါကို ပြန်ကြေချင်ရင် အချိန်နှစ်နာရီခွဲ ကြမ်းတိုက်ဖို့လိုပါတယ်။ ဟမ်ဘာဂါ တစ်လုံးစားရင် ရမယ့်ကယ်လိုရီက ၄၅၀ ဖြစ်ပြီး အဲဒီကယ်လိုရီတွေ ပြန်လောင်ကျွမ်းဖို့ဆိုရင် တစ်နာရီ အလေးမဖို့လိုပါတယ်။ ကယ်လိုရီ အဝင်အထွက် မညီမျှတာကြောင့် အဝလွန်နိုင်တဲ့အတွက် အဝင်အထွက်မျှအောင် လုပ်ပေးရင် ကိုယ်အလေးချိန်ကို ပုံမှန်အတိုင်း ထိန်းသိမ်းပေးနိုင်ပါတယ်။ ကိုယ်အလေးချိန်တက်စေပြီး လူအများစုမသိတဲ့အရာက အချိုရည်တွေပါ။ ပက်စီကိုလာကို တစ်နေ့တစ်ဘူး ပုံမှန်သောက်သွားရင် တစ်နှစ်မှာ ကိုယ်အလေးချိန် ၅၇ ပေါင် တက်နိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top