Healthy Life Ad
Health Tips

အမွှေးရိတ်ခြင်း၏ ကောင်းကျိုး၊ ဆိုးကျိုးများ

ကိုထက်

ခန္ဓာကိုယ်က အမွှေးအမှင်တွေကို ရိတ်တာက ရှေးကျတဲ့နည်း ဖြစ်ပေမယ့် အခုထိတိုင် အသုံးဝင် နေဆဲ နည်းဖြစ်ပါတယ်။ အမွှေးရိတ်တာကြောင့် ရရှိနိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေ ရှိပါတယ်။

– ကောင်းကျိုးများ

(၁) မြန်ဆန်ခြင်း

အမွှေးရိတ်တာက အချိန်ကုန် သက်သာပါတယ်။ မလိုချင်တဲ့ အမွှေးတွေကို ၁၀ မိနစ်မတိုင်ခင် ဖယ်ရှားနိုင်ပါတယ်။

(၂) လွယ်ကူခြင်း

အမွှေးအမှင်တွေကို ရိတ်နိုင်ဖို့အတွက် ထက်တဲ့ ဘရိတ်ဓား၊ အမွှေးရိတ်ခရင်မ်နဲ့ ရေချိုးဆပ်ပြာ ဂျဲလ်တို့ အလွယ်ရနေပါတယ်။

(၃) နာကျင်မှု မရှိခြင်း
ခန္ဓာကိုယ် အမွှေးအမှင်တွေကို ရိတ်တဲ့အခါ နာကျင်မှု မရှိတဲ့ နည်းလမ်းကို လူတိုင်း လိုချင်ကြပါတယ်။ ဘရိတ်ဓားနဲ့ ခြေသလုံးမွှေး၊ ချိုင်းမွှေး စတာတွေကို နာကျင်မှုမရှိဘဲ ဖယ်ရှားနိုင်ပါတယ်။

(၄) ချောမွေ့ခြင်း

ဘရိတ်ဓားနဲ့ အမွှေးရိတ်ပြီးတဲ့အခါ အရေပြား မှာ ထိခိုက်ရှနာနဲ့ အဖုအပိမ့်တွေ မကျန်ခဲ့ဘဲ ချောမွေ့သွားပါတယ်။

(၅) ငွေကုန်ကြေးကျ သက်သာခြင်း

အနီးဆုံး စတိုးဆိုင်မှာ ဘရိတ်ဓားကို ဈေး သက်သက်သာသာနဲ့ ဝယ်ပြီး အမွှေးရိတ်နိုင်ပါတယ်။

– ဆိုးကျိုးများ

(၁) မွေးကျွတ်နာဖြစ်ခြင်း

အမွှေးရိတ်ဓားနဲ့ အမွှေးရိတ်တဲ့အခါ ဆံချည်မျှင်အိတ်တွေရဲ့ အမွှေးပေါက်တဲ့ လားရာပြောင်း သွားရာက မွေးကျွတ်နာဖြစ်နိုင်ခြေများပါတယ်။

(၂) အရေပြားပုံစံအားလုံးအတွက် မသင့်တော်ခြင်း

ထိခိုက်လွယ်လွန်းတဲ့ အသားအရေက အမွှေး ရိတ်ပြီးချိန်မှာ အလွယ်တကူ စပ်ဖျဉ်းဖျဉ်း ဖြစ်လာပါတယ်။ အမွှေးရိတ်တာကြောင့် အရေပြားရဲ့ အလွန်ပါးလျတဲ့ အလွှာကို ထိခိုက်စေနိုင်လို့ပါ။

(၃) ဘရိတ်ဓားဖြင့် အမွှေးထပ်ခါ ထပ်ခါ ရိတ်ပါက အမည်းစက်၊ အနီစက်ထင်ခြင်း

ပုံမှန် အမွှေးရိတ်ရင် အရေပြားရဲ့ မျက်နှာပြင် အမွှေးတွေကိုပဲ ဖယ်ရှားသလိုဖြစ်ပြီး အရင်းအမြစ် ကို မဖယ်ရှားနိုင်ပါဘူး။ ဒါကြောင့် အရေပြားမှာ အမည်းစက်ထင်စေနိုင်ပါတယ်။ အမွှေးရိတ်ပြီးတာနဲ့ အရေပြားကို အစိုဓာတ် မထိန်းတဲ့အတွက် အရေပြား နီမြန်းတာနဲ့ ယားယံတာ တို့လည်း ဖြစ်တတ်ပါတယ်။

(၄) အမွှေးပြန်ပေါက်လွယ်ခြင်း

အမွှေးရိတ်ပြီးတဲ့အခါ တစ်ပတ်လောက်ပဲ ခံပါတယ်။ အမွှေးတွေက ခပ်မြန်မြန် ပြန်ပေါက်လာ တတ်ပါတယ်။

(၅) အန္တရာယ် လုံးဝ မကင်းခြင်း

အမွှေးရိတ်တဲ့အခါ ဓားက ထက်လွန်းရင် ဒါမှ မဟုတ် အပြည့်အဝ အာရုံမစိုက်ရင် မရည်ရွယ်ဘဲ သင့်ကို ဓားပြန်ရှတာမျိုး ဖြစ်တတ်ပါတယ်။ အမွှေးရိတ်ဓားကို တစ်ကြိမ်တစ်ခါပဲ သုံးတာမျိုး လုပ်သင့်ပါတယ်။

Most Popular

Healthy Life Ad
To Top