Healthy Life Ad
Health Tips

ကျန်းမာသွက်လက်ဖို့ ကခုန်ကြစို့ . . .

၊ လရိပ်မေ
ကခုန်တာက အားလပ်ချိန်မှာ လုပ်နိုင်တဲ့နည်းပါ။ တီဗီကြည့်ရင်း ကခုန်တာ၊ ရေချိုးရင်း ကခုန်တာ စသဖြင့် အိမ်မှာ လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်သလို မိတ်ဆွေသူငယ်ချင်းတွေနဲ့ ကာရာအိုကေ အတူဆိုရင်းလည်း ကခုန်နိုင်ပါတယ်။ အဲဒီလို ကခုန်တာကြောင့် ကျန်းမာရေးကောင်းကျိုးတွေကို ရရှိစေနိုင်ပါတယ်။

စိတ်ဖိစီးမှု လျော့ကျခြင်း
တေးသီချင်းဖွင့်ရင်း ကခုန်တာကြောင့် စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။

စိတ်ကျရောဂါဝေဒနာလက္ခဏာ လျှော့ချခြင်း
စိတ်ဓာတ်ကျနေတဲ့ သူတွေက မြူးကြွတဲ့ တေးသံနဲ့အတူ ကခုန်လိုက်တာကြောင့် စိတ်ကျရောဂါ ဝေဒနာလက္ခဏာတွေကို လျော့ကျစေနိုင်ပါတယ်။

တစ်ကိုယ်လုံး ပျော့ပျောင်းမှု ရှိခြင်း
ကခုန်တာကြောင့် ကြွက်သားနဲ့ အရိုးတွေကို သန်စွမ်းစေပါတယ်။ အစာကြေညက်စေပြီး တစ်ကိုယ်လုံး ပျော့ပျောင်းသန်စွမ်းနေပါလိမ့်မယ်။

မှတ်သားနိုင်စွမ်း ကောင်းမွန်ခြင်း
ကခုန်တာကြောင့် စိတ်ကိုလှုံ့ဆော်နိုင်ပြီး မှတ်ဉာဏ်နဲ့ဆိုင်တဲ့ ဦးနှောက်အစိတ်အပိုင်းကို ကောင်းမွန်စေပါတယ်။ ဒါ့အပြင် အာရုံကြောယိုယွင်းမှုထိခိုက်စေတဲ့ ရောဂါတွေ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

နှလုံး ကျန်းမာစေခြင်း
ကခုန်တာကြောင့် နှလုံးခုန်နှုန်းကို တိုးစေပြီး နှလုံးသွေးကြောကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

စွမ်းအင် တိုးစေခြင်း
ကခုန်တာကြောင့် စွမ်းအင်အဆင့်ကို မြင့်တက်စေပြီး အသက်ကြီးသူတွေနဲ့ အရွယ်ရောက်သူတွေမှာ သက်လုံကောင်းစေပါတယ်။

လူမှုဆက်ဆံရေး ကောင်းမွန်ခြင်း
ကခုန်တာကြောင့် တခြားသူတွေနဲ့ ထိတွေ့မိစေပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု တိုးစေပါတယ်။ အကသင်တန်းတက်တာကြောင့် အပေါင်းအသင်း တိုးလာပါလိမ့်မယ်။

ကိုယ်အလေးချိန် လျော့ကျခြင်း

ကခုန်တာက မပျင်းမရိဘဲ လုပ်ဆောင်နိုင်တဲ့ လေ့ကျင့်ခန်းတစ်မျိုးပါ။ ကိုယ်အလေးချိန်ကျချင်ပေမယ့် လေ့ကျင့်ခန်း မလုပ်ချင်သူတွေဟာ ကခုန်သင့်ပါတယ်။

ခန္ဓာကိုယ် ဟန်ချက်ညီမျှခြင်း
ကခုန်တာက ခန္ဓာကိုယ်ကို ဟန်ချက်ညီမျှစေတဲ့အပြင် အသက်ကြီးတဲ့အထိ ကိုယ်နေဟန်ကောင်း မွန်စေပါတယ်။
( Ref;HD )

Most Popular

Healthy Life Ad
To Top