Healthy Life Ad
Child

ဒေးဗစ်ဘက်ခမ်းနှင့် ဗစ်တိုးရီးယားဘက်ခမ်းတို့၏ ကလေးပြုစုပျိုးထောင်ရေး နည်းလမ်းကောင်းများ

၊ စူး (ဆေးဝါးတက္ကသိုလ်) ၊

ဗြိတိန်အိမ်ရှေ့မင်းသား ဝီလျံနဲ့ ကြင်ယာတော် ကိတ်မစ်ဒယ်တို့ သားဦးကိုယ်ဝန်ရှိစဉ်မှာ ဒေးဗစ်ဘက်ခမ်းက ကလေးမမွေးခင် တတ်နိုင်သမျှ အိပ်ရေးဝ၀ အိပ်ပါလို့ အကြံပြုစကား ပြောကြားခဲ့ပါတယ်။ သားသုံးယောက်၊ သမီးတစ်ယောက် ပိုင်ဆိုင်တဲ့ ဘက်ခမ်းမိသားစုဟာ စမတ်ကျပြီး သာယာပျော်ရွှင်တဲ့ မိသားစုအဖြစ် နာမည် ကြီးပါတယ်။ ဒါကြောင့် ဘက်ခမ်းတို့ဇနီးမောင်နှံရဲ့ သားသမီးပြုစုပျိုးထောင်ရေး နည်းလမ်းကောင်းတွေကို ဖော်ပြလိုက်ရပါတယ်။

– စည်းကမ်းတင်းကျပ်ခြင်း

ကလေး လေးဦးမိခင် ဗစ်တိုးရီးယားဟာ အလုပ်ကိစ္စနဲ့ မကြာခဏခရီးသွားလာရသူဖြစ်ပါတယ်။ ကျွန်မက လန်ဒန်နဲ့လော့စ်အဂျ်လိစ်တွေကို ခရီးသွားလာပြီး နယူးယော့ခ်မှာ အလုပ်လုပ်ပါတယ်။ ပရဟိတအလုပ်အတွက် အာဖရိကကိုသွားပြီး အာရှမှာလည်းအချိန်ကုန်ဆုံးလေ့ရှိပါတယ်လို့ ဗစ်တိုး ရီးယားက ဆိုပါတယ်။ ဒါပေမဲ့ ဒီလို အလုပ်များတဲ့ မိခင်ဟာ အုပ်ထိန်းမှုလည်း ကောင်းကောင်းပေးနိုင်သူပါ။

ကျွန်မတို့က ကလေးတွေအပေါ် အမြဲ စည်းကမ်းထားပါတယ်။ သူတို့က ယဉ်ကျေးသူတွေ ဖြစ်ပြီး စကား ပြောရင် ကျေးဇူးပြုပြီးနဲ့ ကျေးဇူးတင်ပါတယ် ဆိုတာတွေကို အမြဲ ပြောလေ့ရှိသူတွေပါ လို့ ဗစ်တိုးရီးယားက ပြောပါတယ်။

– လွတ်လပ်စွာ ပျော်ရွှင်ခွင့်ပြုခြင်း

သူတို့က ပျော်ပျော်နေပြီး အိမ်မှာ ပြေးလွှားဆော့ကစားတာ၊ သီချင်းဆိုတာ၊ ကခုန်တာ၊ ဘောလုံးကန်တာတွေ ကို လုပ်ဆောင်လေ့ရှိကြပါတယ်။ ဘောလုံးကန်တာကိုတစ်မိသားစုလုံး သဘောကျပြီး အငယ်ဆုံး သမီးလေး ဟာပါကတောင် ဘောလုံးကန်ချင်ကြောင်း ပြောတတ်သူဖြစ်တယ်လို့ ဗစ်တိုးရီးယားက ဆိုပါတယ်။

– ကျန်းမာရေးနှင့် အညီ နေထိုင်ခြင်း

သားသမီးလေးယောက် ကြီးပြင်းလာတဲ့အထိ ဗစ်တိုးရီးယားရဲ့ ကိုယ်နေဟန်က ပြောင်းလဲမှုမရှိဘဲ သွယ်လျ နေပေမယ့် သူက ကာဗိုဟိုက်ဒရိတ်အစာတွေကို လုံးဝမစားဘဲနေသူ မဟုတ်ဘူးလို့ဆိုပါတယ်။

ကျွန်မက အစာကို အများကြီးစားပါတယ်။ ဒါပေမဲ့ ပြေးစက်ပေါ်မှာ တစ်နေ့ လေးမိုင်လောက် ပြေးလေ့ရှိပြီး ဒီလိုလုပ်တာက ထိရောက်တယ်ဆိုတာ ကျွန်မသိပါတယ်။ ပြီးတော့ ကျွန်မအလေးမပါတယ် လို့ ဗစ်တိုးရီးယားက ဆိုပါတယ်။ ပဲသီး၊ ပဲနီလေး၊ အခွံမာတဲ့ အစေ့အဆန် စတာတွေလို အစာတွေကို များများ စားပြီး ကျန်းမာရေးနဲ့ အညီ နေလေ့ရှိသလို ကလေးတွေကိုလည်း အလားတူ စားသောက်ခိုင်းတတ်ပါတယ်။

(Ref;(1) DM,(2) etonline)

Most Popular

Healthy Life Ad
To Top