Healthy Life Ad
Life Style

သွေးတိုးရောဂါကို စနစ်တကျ ကုသခြင်းဖြင့် နောင် ၁၀နှစ်အတွင်း လေဖြတ်နှုန်း လျော့ကျစေနိုင်

သွေးတိုးရောဂါကို ကုသရခြင်း၏ အဓိက အကြောင်းရင်းသည် နောင် ၁၀ နှစ်အတွင်း လေဖြတ်နိုင်ခြေကို လျှော့ချရန်ဖြစ်ကြောင်း ဆီးချိုနှင့် အထွေထွေရောဂါ အထူးကု ဆရာဝန်ကြီး ပါမောက္ခဦးကိုကို ကဆိုသည်။

သွေးတိုးရောဂါကို အဓိကကုရတဲ့အကြောင်းရင်းကတော့ လူတစ်ယောက် နောက်၁၀ နှစ်အတွင်းမှာ လေဖြတ်နိုင်ခြေဘယ်လောက်များလဲ၊ အဲဒီဖြစ်နိုင်ခြေတွေကို လျှော့ချဖို့ဖြစ်ပါတယ်။ လေဖြတ်တာ ဖြစ်နိုင်ခြေတွေကို တွက်ချက်တဲ့ ပုံသေနည်းတွေ ရှိပါတယ်။ အသက်ရယ်၊ ဆီးချိုရော ဂါရှိမရှိ၊ ဆေးလိပ်သောက်၊ မသောက်အစရှိတာတွေကို ထည့်ပြီး နောက် ၁၀ နှစ်ကျော်တွေမှာ လေဖြတ်နိုင်ခြေရှိတယ် အစရှိသဖြင့် တွက်ပေးပါတယ်။ နောက်၁၀ နှစ်မှာ လေဖြတ်ဖို့များတယ်၊နှလုံးရောဂါဖြစ်ဖို့များတယ်လို့ ထွက်လာရင် သွေးတိုးရောဂါ ကုသဆေးတွေအပြင် နှလုံးအတွက် ဆေးတွေ၊ လေ မဖြတ်ဖို့ပါ ကြိုတင်ဆေး ပေးထားလို့ရပါတယ် ဟု ပါမောက္ခဦးကိုကိုက ဆိုသည်။

သွေးတိုးရောဂါရှိသူတို့ သွေးတိုးကျစေရန် ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင်စားသောက်မှု ပုံစံကအရေးကြီးကြောင်း၊ ယင်းတို့မှာ
နေ့စဉ်နာရီဝက်ခန့်လေ့ကျင့်ခန်းလုပ်ဆောင်ခြင်း(သွေးပေါင် တက်နေချိန်တွင် လေ့ကျင့်ခန်းမလုပ်သင့်ပါ)၊ အဆီလျှော့စားခြင်း၊ အသီးအနှံများများ စားခြင်း၊ စိတ်ဖိစီးမှုကိုလျှော့ချခြင်းနှင့်အဝမလွန်စေရန် ထိန်း သိမ်းခြင်းတို့ကို လိုက်နာရန် လိုအပ်ကြောင်း သိရသည်။

သွေးတိုးရောဂါရှိတယ်လို့ သတ်မှတ်မယ်ဆိုရင်၊ သတ်မှတ်ထားတဲ့ သွေးပေါင်ထက် ကျော်နေပြီဆိုရင် နေထိုင်စားသောက်မှုပုံစံကို အရင်ပြောင်းပေးရပါမယ်။နောက်ပြီး ဆေးတိုက်ရပါမယ်။ သွေးတိုးကြောင့် ကျောက်ကပ် ထိ၊ မထိ ဆီးစစ်ရပါမယ်။သွေးတိုးရောဂါနဲ့ တွဲနေတဲ့ ဆီးချိုရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ အဆီများတာ၊ လေဖြတ်တာတို့ အတွက်လည်း စစ်ဆေးဖို့ လိုပါတယ်။ ပြီးတော့ အီးစီဂျီ ရိုက်တာနဲ့ ဓာတ်မှန် ရိုက်တာတွေ လုပ်ပေးဖို့လိုပါတယ်ဟု ပါမောက္ခ ဦးကိုကိုက ပြောသည်။သွေးတိုးရောဂါရှိသူ ၁၀ဝ ဦးတွင် ၉၅ ရာခိုင်နှုန်းမှာ မျိုးရိုးလိုက်ပြီး ဖြစ်ကြကာ အသက် ၃၀နှစ်ကျော်မှ သွေးတိုးရှိပါက မျိုးရိုးကြောငြ့် ဖစ်နှုန်းများကြောင်း သိရသည်။

Most Popular

Healthy Life Ad
To Top