Healthy Life Ad
Health Tips

အသက် ၃၀ မထင်ရဘဲ ဆယ်ကျော်သက်သဖွယ် နုပျိုနေစေမည့်နည်းလမ်းများ

၃၀ အရွယ်မှာ ဈေးကြီးတဲ့ အလှကုန်တွေ မသုံးဘဲ ပိုပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံကို လိုက်နာပေးမယ်ဆိုရင် သင်ဟာ ဆယ်ကျော်သက်အရွယ်လို ချစ်စဖွယ်နုပျိုနေမှာပါ။

ရေများများ သောက်ပါ
အသားအရေ စိုပြည်စေဖို့ အနည်းဆုံး ရေရှစ် ဖန်ခွက်သောက်ပါ။ ခန္ဓာကိုယ်က ရေဓာတ် ကောင်းကောင်း ပြည့်ဝနေမှသာ အသားအရေ ချောမွေ့ပြီး နုပျိုကြည့်ကောင်းနေမှာပါ။ ခန္ဓာကိုယ်ထဲက ဆဲလ်အားလုံးလည်း ကျန်းမာနေမှာ ဖြစ်ပါတယ်။

နံနက်စာတွင် ဂျုံကွေကာ စားပါ
ဂျုံကွေကာမှာ အိုမင်းမှု တားဆီးတဲ့ဗီတာမင်အီး ပါဝင်ပါတယ်။ ဒါ့အပြင် ဘီတာဂလူကန်လို့ ခေါ်တဲ့ အင်တီ အောက်ဆီးဒင့်လည်း ပါဝင်ပါတယ်။ နံနက်တိုင်း ဂျုံကွေကာ တစ်ပန်းကန်စားပေးရင် ပိုမိုနုပျိုနေ မှာပါ။

အဆီများသော ငါးစားပါ
ကျွန်မတို့ ခန္ဓာကိုယ်က အိုမီဂါ ၃အဆီကို မထုတ်နိုင်ပါဘူး။ အိုမီဂါ ၃အဆီကို အစာကပဲ အဓိက ရရှိပါတယ်။ အိုမီဂါ ၃ အဆီစားရင် အသားအရေ ဆွဲဆန့်နိုင်စွမ်းကောင်းပြီး အသားအရေ ချောမွေ့ နူးညံ့စေနိုင်ကာ အသားအရေ ခြောက်သွေ့မှု မဖြစ် အောင် ကာကွယ်နိုင်ပါတယ်။ ဆယ်လ်မွန်ငါး၊ တူနာ ငါးနဲ့ဆာဒင်းငါးတွေမှာ အိုမီဂါ ၃ ဖက်တီးအက်ဆစ် ပါဝင်မှုများပါတယ်။

အခွံမာစေ့ စားပါ
ဆီလီနီယမ်ဟာ အသားအရေရဲ့ ဆွဲဆန့်နိုင် စွမ်းအားကို ကောင်းမွန်စေတဲ့ သတ္တုဓာတ်တစ်မျိုးဖြစ်ပါတယ်။ ဆီလီနီယမ်က လက်သည်းတွေနဲ့ ဆံပင်ကို သန်စွမ်းကျန်းမာစေပြီး ဝက်ခြံပျောက်စေပါတယ်။ အရေပြားရောင်ရမ်းမှုနဲ့ ခြောက်သွေ့မှုတို့က လည်း ဇင့် (သွပ်) ဓာတ်နဲ့ ဖြေရှင်းနိုင်ပါတယ်။ အခွံမာစေ့ထဲမှာ ဆီလီနီယမ်နဲ့ ဇင့်(သွပ်)ဓာတ်တို့ များ စွာ ပါဝင်နေပါတယ်။

အညိုရောင် ချောကလက်စားပါ
ချောကလက်မှာ အင်တီအောက်ဆီးဒင့်များ စွာ ပါဝင်ပါတယ်။ အညိုရောင် ချောကလက်မှာ ပြည့်ဝဆီနဲ့ သကြားပါဝင်မှုနည်းတဲ့အတွက် နို့ချော ကလက်ထက် ပိုပြီး ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။

ဝိုင်နီ အသင့်အတင့်သောက်ပါ
ဝိုင်နီမှာ အင်တီအောက်ဆီးဒင့် ပါဝင်မှုများတဲ့ အပြင် သွေးခဲရာမှာလည်း ကူညီပေးပါတယ်။ ဒါ့အပြင် နှလုံး ရောဂါအန္တရာယ်ကို လျော့ကျစေပြီး ကင်ဆာကို တွန်းလှန်ပေးပါတယ်။

သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ စားပါ
ဗီတာမင်စီနဲ့ ဖလေဗနွိုက်တွေက ကောင်းမွန်တဲ့ အင်တီအောက်ဆီးဒင့်တွေပါ။ ဒီအင်န်အေ ထိခိုက်စေတဲ့ ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်ပေးတဲ့အတွက် အရွယ်မတိုင်ခင် အိုမင်းရင့် ရော်မှုမဖြစ်အောင် ကာကွယ် ပေးပါတယ်။

Most Popular

Healthy Life Ad
To Top