Healthy Life Ad
Health Tips

ဆယ်ကျော်သက်အရွယ်တွင် ကျားဟော်မုန်း တက်စတိုစတီရုန်း ပုံမှန် ထိန်းထားနိုင်မည့် သဘာဝနည်းများ

၊ ကိုထက် ၊

တက်စတိုစတီရုန်းကို ကျားဟော်မုန်းလို့ တင်စားခေါ်ဝေါ်ကြပေမယ့် အမျိုးသားရော အမျိုးသမီးပါ သူတို့ ခန္ဓာကိုယ်ထဲ တက်စတိုစတီရုန်းဟော်မုန်း ရှိနေပါတယ်။ အမျိုးသားတွေမှာဆိုရင် တက်စတိုစ တီရုန်းဟော်မုန်းကို ဝှေးစေ့က ထုတ်ပြီး အမျိုးသမီးတွေမှာဆိုရင် သားဥအိမ်က ထုတ်ပါတယ်။ ကျားမ နှစ်ဦးစလုံးမှာ အဒရီနယ်ဂလင်းကနေ ကျားဟော်မုန်းထုတ်ပါတယ်။ ဒါပေမဲ့ အမျိုးသမီးတွေထက် အ မျိုးသားတွေမှာ ပင်ကိုအရ တက်စတိုစတီရုန်းအဆင့် များနေတဲ့အတွက် ကျားဟော်မုန်းလို့ တင်စားခေါ် ဝေါ်ကြတာပါ။

ဆယ်ကျော်သက်အရွယ်မှာဆိုရင် အထူးသဖြင့် ကောင်လေးတွေရဲ့ ခန္ဓာကိုယ်ထဲမှာ တက်စတိုစတီ ရုန်းဟော်မုန်းအဆင့် မြင့်မားနေကြပါတယ်။ အဲဒါကြောင့် အရိုးနဲ့ ု့ု့ကြွက်သားထုထည်ကြီးမားတာ၊ အသံသြတာ၊ ပခုံးကျယ်လာတာနဲ့ ရင်အုပ်ကြီးထွားလာတာ၊ နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေးနဲ့ လိင်အင်္ဂါအမွှေးတွေ ထွက်တာ၊ သုက်ကောင်ထွက်တာနဲ့ လိင်တံကြီးမားတာ စတာတွေ ပြောင်းလဲလာပါတယ်။

ကျားဟော်မုန်း တက်စတိုစီရုန်း မြင့်မားလွန်းသော ပြဿနာ
ခန္ဓာကိုယ်ထဲမှာ ကျားဟော်မုန်းအပြင် တခြားဟော်မုန်းတွေ အများကြီးရှိပါတယ်။ အဲဒီဟော်မုန်း တွေ ပုံမှန်အဆင့်အတိုင်း ရှိနေဖို့က အလွန်အရေးကြီးပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ ကျားဟော်မုန်း တက်စတိုစတီရုန်းအဆင့် ပုံမှန်မရှိဘဲ မြင့်တက်နေတယ်ဆိုတာ အခြေခံအကြောင်းရင်းတွေကြောင့် ဖြစ်တတ်ပါတယ်။ ဥပမာ လူပျိုဖော်ဝင်တာ စောလွန်းလို့ ဖြစ်နိုင်သလို ဝှေးစေ့မှာ အကျိတ်ရှိလို့လည်း ဖြစ်နိုင်ပါတယ်။ နောက်တစ်ခုက သိုင်းရွိုက်ဂလင်း အတက်ကြွလွန်ပြီး သိုင်ရိုဇင်ဟော်မုန်းအထွက်များတဲ့ အခြေအနေရဲ့ လက္ခဏာတစ်ရပ်လည်း ဖြစ်နိုင်ပါတယ်။

တက်စတိုစတီရုန်း ပုံမှန်အဆင့်အတိုင်း ရှိနေစေမည့် သဘာဝနည်းများ
ဆယ်ကျော်သက်အရွယ် ယောကျာ်းလေး၊ မိန်းကလေးတွေမှာ ကျားဟော်မုန်း တက်စတိုစတီရုန်းအဆင့် မြင့်လွန်းနေရင် သဘာဝအတိုင်း လျော့ကျသွားစေဖို့နဲ့ ပုံမှန်အတိုင်း ထိန်းသိမ်းထားနိုင်ဖို့ ထိရောက်တဲ့ နည်းလမ်းတွေ ရှိပါတယ်။

အသားလျှော့စားပါ
တိရစ္ဆာန်အသားတွေထဲက ပရိုတင်းဓာတ်ဟာ အမျိုးသားနဲ့ အမျိုးသမီးတွေမှာ တက်စတိုစတီရုန်း အဆင့် မြင့်မားစေပါတယ်။ တက်စတိုစတီရုန်းများလွန်းနေတဲ့ ဆယ်ကျော်သက်တွေမှာ ပရိုတင်းလိုအပ်မှု များတဲ့အတွက် အမဲသားနဲ့ဝက်သားလို အသားတွေကို ရှောင်ပြီး ပဲစိမ်း၊ ပဲပုပ်စေ့၊ ပဲအမျိုးမျိုး စတဲ့ ပရိုတင်းပါဝင်တဲ့ အစာတွေကို များများစားပေးပါ။

ပဲပုပ်စေ့နှင့် ပဲပိစပ်ထုတ်ကုန်များ စားပါ
တိရစ္ဆာန်ထွက်အစာကနေ ပရိုတင်းရယူမှု လျှော့ချတာက ဆယ်ကျော်သက်အရွယ်မှာ တက်စ တိုစတီရုန်းဟော်မုန်းအဆင့်ကို ပုံမှန်ဖြစ်စေပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ ဆံပင်၊ အသားအရေ၊ ကြွက်သားနဲ့ အရိုး ဖွံ့ဖြိုးသန်စွမ်းမှုအတွက် အရေးပါတဲ့ ပရိုတင်းဓာတ် ရရှိအောင် ပဲပုပ်စေ့၊ ပဲနို့၊ ပဲပိစပ် ထုတ်ကုန် စတာတွေကို များများစားသင့်ပါတယ်။

သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များများ စားပါ
ဗီတာမင်နဲ့ သတ္တုဓာတ် ပါဝင်မှုများတဲ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေစားတာက ဆယ်ကျော် သက်အရွယ်တွေရဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအတွက် အရေးပါပါတယ်။ ကျန်းမာတဲ့ခန္ဓာကိုယ ်ပိုင်ဆိုင်တာက ဟော်မုန်းအမျိုးမျိုးကို ပုံမှန်အတိုင်း ရှိနေစေပါတယ်။

အလွန်အကြူး မအိပ်စက်ပါနှင့်
ညဘက်မှာ ရှစ်နာရီကျော်ကြာ အိပ်စက်တာက ကျန်းမာရေးအတွက် မကောင်းဘူးလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ခန္ဓာကိုယ်ထဲမှာ တက်စတိုစတီရုန်းအဆင့် မြင့်တက်စေလို့ပါ။ ဆယ်ကျော်သက်အရွယ် ကောင်လေးနဲ့ မိန်းကလေးတွေ တက်စတိုစတီရုန်းအဆင့် ပုံမှန်ရှိနေစေဖို့ အိပ်ချိန် ရှစ်နာရီပဲ ရှိသင့်ပါတယ်။

ခန္ဓာကိုယ်ပေါင်အပို လျော့ကျစေရန် လေ့ကျင့်ခန်း လုပ်ပါ
ကိုယ်အလေးချိန်များလွန်းတာက ဟော်မုန်းမမျှတမှု ဖြစ်စေတဲ့ အကြောင်းတစ်ခုပါ။ မလိုလားအပ်တဲ့ ကိုယ်အလေးချိန်ကို လျှော့ချတာက ကျားဟော်မုန်းများတဲ့ ဆယ်ကျော်သက်အရွယ်မှာ လုပ်သင့်တဲ့ နည်းလမ်းကောင်းတစ်ခုပါ။

နေ့စဉ် စိတ်ဖိစီးမှုကို တွန်းလှန်ပါ
ဒီနေ့ခေတ်မှာ ဆယ်ကျော်သက်တွေကလည်း စိတ်ဖိစီးမှုကို နေ့စဉ်နေ့တိုင်း ခံစားနေရပါတယ်။ စိတ်ဖိစီးမှုကို နေ့စဉ် မဖယ်ရှားနိုင်ဘဲ ဖိစီးမှုများလွန်းလာတဲ့အခါ ခန္ဓာကိုယ်ကနေ ကော်တီစောဟော်မုန်း ထုတ်လုပ်မှုများပြီး တက်စတိုစတီရုန်း ကျားဟော်မုန်းအဆင့် သိသိသာသာ မြင့်တက်လာပါလိမ့်မယ်။ ဒါကြောင့် တေးသီချင်း နားဆင်တာ၊ ဒိုင်ယာရီစာအုပ်ထဲ ရေးမှတ်တာ၊ ပန်းချီဆွဲတာ၊ အားကစား လုပ်တာ၊ တေးဂီတတူရိယာတစ်ခုခု တီးခတ်တာတို့ လုပ်ဆောင်ပြီး စိတ်အပန်းဖြေသင့်ပါတယ်။
( Ref;HD )

Most Popular

Healthy Life Ad
To Top