Healthy Life Ad
Life Style

K-pop မျိုးဆက်ကြောင့် ပျိုမေတို့ နှစ်ခြိုက်လာသည့် ကိုရီးယားအလှကုန်များ

ငွေကြယ်စင်ယံ ၊

K-pop မျိုးဆက်တွေရဲ့ လွှမ်းမိုးမှုကြောင့် ကိုရီးယားအလှကုန်တွေကို အာရှမှာတင်မက အနောက်တိုင်းကပါ စိတ်ဝင်စားလာကြပါတယ်။ ကိုရီးယားအလှကုန်တွေက အသားအရေကို နူးညံ့ပြီး ချောမွေ့စေကာ ပြစ်မျိုးမှဲ့မထင် လှပစေတယ်ဆိုပြီး ရေပန်းစားလာတာ ဖြစ်ပါတယ်။

BBခရင်မ်
အခုအခါမှာ BBခရင်မ်ကို အနောက်တိုင်းပုံစံ နဲ့ ထုတ်လုပ်နေပြီး အသားအရေကို လင်းလက်စေကာ သက်ရောက်မှု အနည်းဆုံးပဲ ရှိတာကိုတွေ့ရပါတယ်။ ကိုရီးယား BBခရင်မ်လိမ်းရင် အသားအရေ ကို အစိုဓာတ်ထိန်းပေးတာ၊ နေကာနိုင်တာ၊ အသားဖြူစေတာနဲ့ အိုမင်းမှုကို ဟန့်တားပေးပြီး အရွယ်တင် နုပျိုတာ စတဲ့ ကောင်းကျိုးတွေရှိနေပါတယ်။

ကောင်းကျိုး
ကိုရီးယားအလှကုန်ကြောင့် ကိုရီးယားလှပျိုဖြူတွေက ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် ပြစ်မျိုးမှဲ့မ ထင်ချောမွေ့လှပနေကြပါတယ်။ ကိုရီးယားလူမျိုးတွေက အသားအရေကို အထူးဂရုစိုက်ပြီး မျက်နှာသစ်ဆေး၊ ချွေးပေါက်ကျဉ်းဆေးရည်၊ မျက်နှာပေါင်းတင်ပစ္စည်း၊ အိုင်းခရင်မ်၊ ကြေးချွတ်ခရင်မ်၊အစိုဓာတ်ထိန်းခရင်မ်၊ ညလိမ်းခရင်မ်၊ နေ့လိမ်းခရင်မ် စတာတွေကို ပုံမှန်လိမ်းလေ့ရှိကြပါတယ်။

ပါဝင်ပစ္စည်းများ
ကိုရီးယားအလှကုန်တွေမှာ အသားအရေအတွက် သိပ္ပံနည်းကျအကျိုးပြုတဲ့ ပါဝင်ပစ္စည်းတွေပါရှိနေပါတယ်။ တချို့အရာတွေက မြွေဆိပ်(ဆဲလြ်
ပန်လည်အားကောင်းစေနိုင်)၊ ပျားဆိပ်(အရေပြား ကော်လာဂျင်ထွက်နှုန်း ကောင်းစေနိုင်)၊ သိုးအချင်း (အသားအရေအားပြည့်တင်းရင်းစေနိုင်)တို့ပါဝင်နေပါတယ်။

နေကာခရင်မ်
ကိုရီးယားအလှကုန်အများစုဟာ အသားအရေကို နေရောင်ခြည်ကြောင့် ထိခိုက်မှုကနေ ကာကွယ်နိုင်ပါတယ်။ အထူးသဖြင့် CC ခရင်မ်နဲ့ အစိုဓာတ်ထိန်းခရင်မ်မှာ နေကာနိုင်စွမ်းပါရှိပါတယ်။
( Ref ; HD )

Most Popular

Healthy Life Ad
To Top