Healthy Life Ad
Life Style

ကားမောင်းသူများလည်း နေရောင်ကာခရင်မ်လိမ်းရန် အရေးကြီး

———၊ ကိုထက် ၊———

ကားမောင်းသူတွေအနေနဲ့ ယာဉ်မတော်တဆ ထိခိုက်မှုနဲ့ စိတ်ဖိစီးမှုတို့ကိုသာ တွေ့ကြုံခံစားရနိုင်ရုံသာမက အရေပြားကင်ဆာဖြစ်နိုင်ခြေလည်းရှိကြောင်း လေ့လာမှုတစ်ရပ်က ဆိုပါတယ်။

အရေပြားကင်ဆာဖြစ်နေသူ ၈၉၈ ဦးကို လေ့လာမှုအရ ခန္ဓာကိုယ်ရဲ ့ညာဘက်ခြမ်းမှာထက် ဘယ်ဘက်ခြမ်းမှာအဖြစ်များကြတာကို တွေ့ရပါတယ်။ ဒါဟာ ယာဉ်မောင်းခြင်းက အဓိကဖြစ်နိုင်တဲ့ အကြောင်းရင်းဖြစ်ပြီး အထူးသဖြင့် အမျိုးသားတွေမှာ ပိုဖြစ်စေနိုင်ပါတယ်။ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ဘယ်ဘက်လက်နဲ့ မျက်နှာဘယ်ဘက်ခြမ်းတွေမှာ အရေပြားကင်ဆာ ပိုဖြစ်နိုင်ပါတယ်။ ဒါဟာ အမျိုးသားတွေက ပိုမိုယာဉ်မောင်းလေ့ရှိတာကြောင့် ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ ယာဉ်မောင်းသူတွေမှာ ခရမ်းလွန်ရောင်ခြည်နဲ့ နေ့စဉ်ထိတွေ့မှုကြောင့် အရေပြားကင်ဆာ ဖြစ်နိုင်ခြေများရတာလို့လည်း လေ့လာသူတွေက ကောက်ချက်ချထားပါတယ်။ ဒါကြောင့် ယာဉ်မောင်းတဲ့သူတွေအနေနဲ့ ကားပြတင်းပေါက်တွေကို အန္တရာယ်ရှိတဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ် ကာကွယ်နိုင်မယ့် အထူးမှန်တပ်ဆင်ခြင်း၊ အပြင်မထွက်ခင် နေရောင်ကာခရင်မ်လိမ်းခြင်းနဲ့ လက်ရှည်အင်္ကျီဝတ်ဆင်ခြင်း စတဲ့ အချက်တွေကို လိုက်နာဖို့လိုပါတယ်။

(Ref; RD)

Most Popular

Healthy Life Ad
To Top