Healthy Life Ad
International

သမိုင်းတွင် အကြီးကျယ်ဆုံး မျက်နှာအစားထိုး ခွဲစိတ်မှုခံယူခဲ့သည့် မီးသတ်သမား

၊ မိုးမင်းထွန်း

၂၀ဝ၁ ခုနှစ်မှာ ပက်ထရစ်ဟာ့ဒစ်ဆင် ဆိုတဲ့ မီးသတ်သမားတစ်ယောက်ဟာ ကယ်ဆယ်ရေး ဆောင်ရွက်ဖို့အတွက် မီးလောင်နေတဲ့ အိမ်တစ်အိမ် အတွင်းကို ဝင်ရောက်ခဲ့ပါတယ်။ ဖြစ်ချင်တော့ အိမ်ခေါင်မိုးဟာ သူ့အပေါ်ကို ပြုတ်ကျခဲ့ပြီး သူ့မျက်နှာ ဟာ မီးလောင်ကျွမ်းခံခဲ့ရတဲ့အတွက် အသက်လုပြီး ပြတင်းပေါက်မှ ခုန်ချခဲ့ရပါတယ်။သူရဲ့ မျက်နှာပြင်တစ်ခုလုံး၊ ဦးခေါင်း၊ လည်ပင်းနဲ့ ရင်ဘတ်အပေါ်ပိုင်းမှာ ဆိုးဆိုးရွားရွား မီးလောင်ကျွမ်းခံခဲ့ရပါတယ်။ ဒဏ်ရာကြောင့် သူရဲ့ မျက်ခွံ၊ နား၊ နှုတ်ခမ်း၊ နှာခေါင်း၊ ဆံပင်နဲ့ မျက်ခုံးမွှေး စတဲ့ မျက်နှာတစ်ပြင်လုံးရှိ အင်္ဂါတွေဆုံးရှုံးခဲ့ပါတယ်။ ဟာ့ဒစ်ဆင်ဟာ အဲဒီဒဏ်ရာတွေ သက်သာဖို့ ခွဲစိတ်မှုပေါင်း အကြိမ် ၇၀ လုပ်ခဲ့ရပါတယ်။

ဒေါက်တာရိုဒရီဂွတ်ရဲ့မျက်နှာအစားထိုး ခွဲစိတ်မှုအကြောင်းတွေကိုသိရှိထားတဲ့ ဟာ့ဒစ်ဆင်ရဲ့ မိတ်ဆွေတစ်ယောက်ဟာ ဟာ့ဒီဆင်ကို ဒေါက်တာနဲ့ချိတ်ဆက်ပေး ခဲ့ပါတယ်။တစ်နှစ်နီးပါးလောက်စောင့်ခဲ့ရပြီးနောက် နောက်ဆုံးမှာမျက်နှာအလှူရှင်တစ်ယောက်ကိုရရှိခဲ့ပါတယ်။ မော်တော်ဆိုင်ကယ်ပြင်သမား ဒေးဗစ်ရိုဒီဗောက်ဟာ ယခုနှစ် သြဂုတ်လ ၁၂ ရက်နေ့မှာ ဆိုင်ကယ်မတော်တဆမှုနဲ့ ကွယ်လွန်ခဲ့ပြီး သူရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို လှူဒါန်းခဲ့ပါတယ်။

ဟာ့ဒီဆင်ရဲ့ခွဲစိတ်မှုကို ရိုဒီဗောက်ကွယ်လွန်ပြီး နှစ်ရက်အကြာမှာ ပြုလုပ်ခဲ့တာပါ။ ဒေါက်တာရိုဒရီဂွတ်နဲ့သူ့အဖွဲ့ဟာ ပထမ အချိန် ၁၂ နာရီကြာ ရိုဒီဗောက်ရဲ့ မျက်နှာကို ဖယ်ရှားခဲ့ပြီးမှ ဟာ့ဒီဆင်ရဲ့ မျက်နှာမှာ အစားထိုးမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ သူတို့ဟာ ဟာ့ဒီဆင်ကို မျက်နှာအသစ်၊ ဦးရေခွံ၊နားနဲ့နားလမ်းကြောင်းေ တွ၊ မေးစေ့၊ ပါးနဲ့ နှာခေါင်း တစ်ခုလုံးအတွက် အရိုးတချို့ကို အစားထိုးပေးခဲ့ရပါတယ်။ ဟာ့ဒီဆင်ဟာ မျက်ခွံအသစ်တွေ၊ မျက်လုံးအဖွင့်အပိတ်ကို ထိန်းချုပ်ပေးတဲ့ ကြွက်သားတွေကိုလည်း ရရှိခဲ့ပါတယ်။

နယူးယောက်တက္ကသိုလ်မှ ပလတ်စတစ်ဆာဂျရီခွဲစိတ်ဆရာဝန်ဒေါက်တာအက်ဂွာဒိုရိုဒရီဂွတ်က သမိုင်းမှာ အကြီးမားဆုံးမျက်နှာအစားထိုးခွဲစိတ်မှုပြုလုပ်ခဲ့တဲ့အတွက် အခုဆိုရင် အမေရိကန်ပြည်ထောင်စု၊ မစ္စစ္စပီမှ အသက် ၄၁နှစ်အရွယ် မီးသတ် သမားတစ်ယောက်ဟာ ယခုအခါ ဘရွက်ကလင်းမှ ၂၆နှစ် အရွယ်ဆိုင်ကယ်ပြင်သမားရဲ့ မျက်နှာနဲ့ နေထိုင်နိုင်သွားပါပြီ။၁၉၈၅ခုနှစ်ကတည်းက ကမ္ဘာအနှံ့ မျက်နှာအ စားထိုးကုသမှု အကြိမ်၂၈ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ အဲဒီအထဲက ခွဲစိတ်မှု သုံးကြိမ်ဟာ လူနာ သေဆုံးခဲ့ပြီး ကျန်တဲ့ခွဲစိတ်မှုတွေကတော့ အားတက်စရာရလဒ်တွေ ရရှိခဲ့တယ်လို့သိရပါတယ်။

ဟာ့ဒီဆင်ဟာ အခုခွဲစိတ်မှုအပြီး သုံးလအကြာမှာ ပြည့်ပြည့်ဝ၀ကျန်းမာလာဖို့ရှိပြီး ခြောက်လအ တွင်း လူကောင်းတစ်ယောက်လိုမျိုး ပုံမှန်စကားပြောနိုင်မယ်လို့ ဒေါက်တာရိုဒရီဂွက်က ဆိုပါတယ်။အခုခွဲစိတ်မှုတစ်ခုလုံးကို နယူးယောက်တက္ကသိုလ်က အကုန်အကျခံခဲ့တာဖြစ်ပြီး ဒေါ်လာရှစ်သိန်းခွဲနဲ့ တစ်သန်းအကြား ကုန်ကျခဲ့တယ်လို့ သိရပါ တယ်။ ဒီခွဲစိတ်မှုကြောင့် ဟာ့ဒီဆင်ဟာ ဘဝတစ်လျှောက်လုံး ပုံမှန်နာကျင်မှုဝေဒနာကို ခံစားသွားရဖို့ရှိပြီး ဟာ့ဒီဆင်ကတော့ မျက်နှာမရှိတာထက်စာရင် မျက်နှာနဲ့ နာကျင်ဝေဒနာကို ခံစားရင်း အသက်ရှင်ချင်တယ်လို့ ဆိုပါတယ်။
(Ref;CNN)

Most Popular

Healthy Life Ad
To Top