Healthy Life Ad
Health Tips

သင့်မျက်ဝန်း သဘာဝကျကျ တောက်ပနေစေမည့် နည်းလမ်းကောင်းများ

၊ လရိပ်မေ ၊

လူအများစုဟာ အလုပ်တွေ အလွန်အမင်းလုပ်ရတာ၊ စိတ်ဖိစီးမှုများတာနဲ့ အိပ်ရေးပျက်တာ စတဲ့ အခြေအနေတွေကြောင့် ပင်ပန်းနွမ်းနယ်
ပြီးမျက်ဝန်းတောက်ပမှု လျော့နည်းနေတတ် ကြပါတယ်။ ဒါကြောင့် သင့်မျက်ဝန်းတွေ သဘာဝကျကျ ကြည်လင်တောက်ပနေစေဖို့ အလွယ်နည်းတွေကို မျှဝေလိုက်ရပါတယ်။

– မျက်ဝန်းတစ်ဝိုက် နှိပ်နယ်ပါ
ည ည အိပ်ရာမဝင်ခင် မျက်ဝန်းတစ်ဝိုက်ကို သံလွင်ဆီ၊ ရှားစောင်းလက်ပပ်ဆီ စတဲ့အဆီလိမ်းပြီး နှိပ်နယ်ပေးပါ။ မျက်ဝန်းတစ်ဝိုက် သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး မျက်ဝန်းအသားအရေ နူးညံ့ပျော့ပျောင်း စိုပြည်စေပါတယ်။

– လက်ဖက်အိတ် ကပ်ပါ
နံနက်ခင်းမှာ မျက်ဝန်းနှစ်ဖက်ပေါ် အေးမြတဲ့ လက်ဖက်အိတ် ကပ်ပေးပါ။ လက်ဖက်စိမ်း လက်ဖက်အိတ်နဲ့ ချမိုမိုင်း လက်ဖက်အိတ်တို့က
အဆင်ပြေဆုံး အမျိုးအစားတွေ ဖြစ်ကြပါတယ်။

– နှင်းဆီရေအေး ဆွတ်ထားသော ဂွမ်းစဖြင့်သုတ်ပါ
မျက်ဝန်းနှစ်ဖက်ပေါ် အေးမြတဲ့ နှင်းဆီရေ ဆွတ်ထားတဲ့ ဝါဂွမ်းစ ဖိကပ်ပေးရင် မျက်ဝန်းဖောင်း အစ်တာနဲ့ နွမ်းနယ်တာကို သက်သာ
စေပါတယ်။

– အိုင်းရှဲဒိုးအပြောင်အလက် ခြယ်ပါ
မျက်ခမ်းအလယ်မှာ အိုင်းရှဲဒိုး အပြောင်အလက်တွေကို လိမ်းခြယ်လိုက်တာကြောင့် ပိုပြီးလန်းဆန်း တောက်ပတဲ့ မျက်ဝန်းအလှ ပိုင်ဆိုင်
စေပါတယ်။

– နှင်းဆီရေ ပက်ဖျန်းပါ
မျက်နှာပေါ်ကို နှင်းဆီရေ ပက်ဖျန်းပေးပါ။ ဒီနည်းက မျက်နှာကို စိုပြည်စေရုံသာမက မောပန်း နွမ်းနယ်မှုကိုပါ ပြေပျောက်စေမှာ ဖြစ်ပါတယ်။

– အညိုရင့်ရောင်နှင့် အပြာရောင် အိုင်းမိတ်ကပ် ရှောင်ပါ
မျက်ဝန်းတွေကို ပိုပြီး ပင်ပန်းနွမ်းနယ်သယောင် ဖြစ်စေတဲ့ အညိုရင့်ရောင်နဲ့ အပြာရောင်မျက်ဝန်း မိတ်ကပ်တွေကို မလိမ်းပါနဲ့။

– ကွန်ဆဲလ်လာ လိမ်းပါ
မက်မွန်သီးအခြေခံတဲ့ ကွန်ဆဲလ်လာ လိမ်းတာကြောင့် ညိုမည်းတဲ့ မျက်ကွင်းတွေကို ဖုံးအုပ်လိုက်သလို ဖြစ်စေပါတယ်။

– မျက်တောင်ကော့ပါ
မျက်တောင်ကို အထက်သို့ ပင့်ကော့ပေးတာကြောင့် ပိုကြီးမားတောက်ပတဲ့ မျက်ဝန်းအလှ ပိုင်ဆိုင်စေပါတယ်။

– အောက်မျက်ခမ်းတွင် မျက်ဝန်းမိတ်ကပ် အပြောင်အလက် တင်ပါ
အောက်မျက်ခမ်းနဲ့ မျက်တောင်လိုင်းကြားမှာ တောက်ပတဲ့ မျက်ဝန်းမိတ်ကပ် လိမ်းပေးပါ။

မျက်ဝန်းတောက်ပစေရန် နေ့စဉ် လုပ်ဆောင်သင့်သည့် အရာများ

– ဗီတာမင်စီနဲ့ ဗီတာမင်အေ ပါဝင်မှုများတဲ့ အစာကိုစားပါ။

– မိတ်ကပ်လိမ်းပြီး မအိပ်ပါနဲ့။ မျက်နှာပေါ် ဝက်ခြံနဲ့ ပိုးဝင်နိုင်ခြေ များလို့ပါ။

– အိပ်ရေးဝ၀ အိပ်စက်အနားယူပါ။

– မျက်လုံး ပင်ပန်းနေတဲ့အခါ မျက်ဝန်းကို မပွတ်ပါနဲ့။ လက်ဖဝါး အချင်းချင်းပွတ်ပြီး နွေးထွေးတဲ့ လက်တွေနဲ့ မျက်ဝန်းပေါ် ဖိပေးပါ။

– ရေဓာတ် ခမ်းခြောက်တာကြောင့် မျက်စိကို ခြောက်သွေ့ပြီး သွေးကြောထူထဲ စေပါတယ်။ အိပ်ရာမဝင်ခင် ရေများများ သောက်ပါ။

– ကွန်ပျူတာကြာကြာ သုံးပြီးတဲ့အခါ မျက်စိအေးစေမယ့် မျက်စဉ်းခတ်ပါ။

(Ref;HD)

Most Popular

Healthy Life Ad
To Top