Healthy Life Ad
Life Style

အမျိုးသမီးများ သန္ဓေတည်ရန် ခက်ခဲနေရခြင်း အကြောင်းရင်း

စူး ၊ (ဆေးဝါးတက္ကသိုလ်)
အမေရိကန်ပြည်ထောင်စုမှာ စုံတွဲ သုံးပုံတစ်ပုံက အမျိုးသမီးတွေရဲ့ မျိုးအောင်နိုင်စွမ်း ပြဿ နာကြောင့်သန္ဓေ တည်ဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။ သန္ဓေတားနည်းမသုံးဘဲ တစ်နှစ်ကျော်ကြာတဲ့အထိ ကလေးမရတဲ့အခါ သားဖွားမီးယပ်အထူးကု ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ အောက်ပါအချက်တွေက အမျိုးသမီးတွေမှာ မျိုးအောင်နိုင် စွမ်းပြဿ      နာရှိစေတဲ့ အတွေ့ရအများဆုံးအကြောင်း ရင်းတွေပဲ ဖြစ်ပါတယ်။

သားဥအရည်အသွေး မကောင်းခြင်း

အမျိုးသမီးတွေ အသက်ကြီးလာတဲ့အခါ သားဥအိမ်ကနေ ထုတ်နိုင်တဲ့ သားဥအရေအတွက်က တဖြည်းဖြည်း ကျဆင်းလာပါတယ်။ ဒါက သားဥအရေအတွက်ပဲ ထိခိုက်တာ မဟုတ်ပါဘူး။ သားဥအရည်အသွေးလည်း ထိခိုက်နိုင်ပါတယ်။ အသက် ၃၅ နှစ် ကျော်လာချိန်မှာ အမျိုးသမီးအများစုဟာ သားဥအရည်အသွေး လျော့ကျ လာတာကြောင့် မျိုးအောင်ဖို့ ခက်ခဲလာတာပါ။

သားဥကြွေရာတွင် ပြဿနာရှိခြင်း

အမျိုးသမီးတွေ မျိုးအောင်နိုင်စွမ်း ခက်ခဲရတဲ့ အတွေ့ရအများဆုံး အကြောင်းရင်းတစ်ခုကတော့ သားဥကြွေရာမှာ အခက်အခဲရှိတာကြောင့် ဖြစ်ပါတယ်။ သားဥတွေက ရင့်ကျက်တဲ့ သားဥအဖြစ် ထုတ်နိုင်စွမ်းမရှိတဲ့အခါ ရာသီမလာတာ၊ ရာသီအကြိုဝေဒနာတွေဖြစ်တဲ့ ရင်သားတင်းတာ၊ လေပွတာစတဲ့ လက္ခဏာတွေ မရှိတာတို့ ဖြစ်တတ်ပါတယ်။ သားဥကြွေတဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့ ကိုယ်အလေးချိန်ကို ထိန်းပေးရပါမယ်။ ဟော်မုန်းများလွန်းတာနဲ့ နည်းလွန်းတာကြောင့် အမျိုးသမီးတွေရဲ့ မျိုး ဆက်ပွားစနစ်ကို ထိခိုက်စေနိုင်ပြီး သန္ဓေအောင်ဖို့ ခက်ခဲတတ်ပါတယ်။

နေရာလွဲမှား သားအိမ်အတွင်းသားရောဂါ

သန္ဓေတည်ဖို့ ခက်ခဲတဲ့ အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ အကြောင်းရင်းတစ်ခုက နေရာလွဲမှား သားအိမ် အတွင်းသားရောဂါ (Endometriosis)ကြောင့် ဖြစ်ပါတယ်။ သားအိမ်အတွင်းမြှေးတစ်သျှူးတွေက သားအိမ်ထဲမှာ မရှိဘဲ ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေမှာ ကြီးထွားနေတာကြောင့် ဖြစ်တတ်ပါတယ်။ အထူးသဖြင့် သားအိမ်အတွင်းမြှေးတစ်သျှူးတွေက ဝမ်းဗိုက်နဲ့တင်ပဆုံတွင်းထဲမှာ ရှိတတ်တာကြောင့်ပါ။ တချို့အမျိုးသမီးတွေက လက္ခဏာမပြတဲ့အတွက် နေရာလွဲမှား သားအိမ်အတွင်းသားရောဂါရှိမှန်း မသိ ကြပါဘူး။ အများအားဖြင့် တွေ့ရတတ်တဲ့ လက္ခဏာက လိင်ဆက်ဆံချိန်မှာ နာကျင်တာပဲ ဖြစ်ပါတယ်။

သားဥအိမ်တွင် ရေအိတ်လေးများ တည်သောရောဂါစု

သားဥအိမ်ထဲက ရေအိတ်ငယ်လေးတွေကကြီး ထွားဖွံ့ဖြိုးလာချိန်မှာ သားဥတွေ မထွက်ရှိတော ပါဘူး။ ဒီအခြေအနေကို သားဥအိမ်မှာ ရေအိတ်လေးတွေ တည်တဲ့ ရောဂါစု (PCOS) လို့ ခေါ်ပါတယ်။ ဟော်မုန်းမမျှတတဲ့ အခြေအနေကြောင့် ဖြစ်တတ်ပါ တယ်။ PCOS ဖြစ်တဲ့ အမျိုးသမီးတွေက ပုံမမှန် ရာသီလာတာ၊ ဝက်ခြံပေါက်တာ၊ ကိုယ်အလေးချိန် အလွန်အမင်းမြင့်တက်တာနဲ့ မျက်နှာနဲ့ ခန္ဓာကိုယ် မှာ ပုံမမှန်အမွှေးအမှင်တွေ ပေါက်တာတို့ ဖြစ်တတ် ပါတယ်။
PCOS ဖြစ်တဲ့ အမျိုးသမီးတစ်ယောက် ကိုယ်ဝန်ဆောင်နိုင်ဖို့ ဖြေရှင်းနည်းအမျိုးမျိုး ရှိပါတယ်။ မျိုးအောင်စေတဲ့ ဆေးသောက်တာ၊ ဖန်ပြွန်သန္ဓေ တားနည်းသုံးတာ၊ သားဥကြွေအောင် လုပ်ဆောင် တာစတဲ့ နည်းတွေ သုံးရမှာပါ။ PCOS ဖြစ်ပြီး ကိုယ်အလေးချိန်များတဲ့ အမျိုးသမီးအများစုက သူ တို့ခန္ဓာကိုယ်အလေးချိန်ရဲ့ ၅-၁၀ ရာခိုင်နှုန်း လျော့ ကျသွားရင် သားဥစတင်ကြွေနိုင်ပါတယ်။

သားဥပြွန် ပြသနာရှိခြင်း

သန္ဓေတည်ဖို့ရာ အခက်အခဲရှိတဲ့ အကြောင်း ရင်းထဲမှာ သားဥပြွန်ပိတ်ဆို့တာ / ထိခိုက်တာ စတဲ့ အခြေအနေလည်း ပါဝင်ပါတယ်။ အဲဒီအခါ သားဥဆီကို သုက်ကောင်ရောက်ရှိနိုင်ခြေ နည်းသွားတတ် ပါတယ်။ သားဥပြွန်ပြဿ နာရှိသူအမျိုးသမီးတစ်ဦးဟာလည်း ရောဂါလက္ခဏာတွေ မပြတတ်ပါဘူး။ ဖြစ်တတ်တဲ့ အကြောင်းရင်းတွေကတော့ လိင်မှတစ်ဆင့်ကူးစက်ပိုးဝင်တာ၊ တင်ပဆုံ ကွင်း  ရောင်ရမ်းတဲ့ ရောဂါစတာတွေ ဖြစ်ကြပါတယ်။
Ref: HD

Most Popular

Healthy Life Ad
To Top