Healthy Life Ad
Health Tips

သင့်အသည်း ထိခိုက်စေနိုင်သည့် အကျင့်ဆိုးငါးရပ်

အသည်းဆိုတာ တစ်ကိုယ်လုံးမှာ အရေးကြီး ဆုံးအင်္ဂါ အစိတ်အပိုင်းတစ်ခုပါ။ အသည်းရဲ့လုပ်ငန်း ဆောင်တာတွေ အများကြီးရှိတာကြောင့် အသည်းထိခိုက်သွားရင် အသက်အန္တရာယ်ရှိပါတယ်။ ဒါကြောင့် အသည်းထိခိုက်စေနိုင်တဲ့ အကျင့်ဆိုးတွေကို ရှောင်သင့်ပါတယ်။

(၁) အရက် အလွန်အမင်းသောက်ခြင်း

အရက်အလွန်အမင်းသောက်တာက အသည်းရဲ့ လုပ်ငန်းဆောင်တာကို ထိခိုက်စေပြီး အသည်း ထိခိုက်မှုဖြစ်ရတဲ့ အဓိကအကြောင်းရင်းပါ။ ကိုယ်တွင်းစနစ်ထဲ အယ်လ်ကို ဟောများများရှိတာက ခန္ဓာကိုယ် ထဲကအဆိပ် အတောက်တွေကို စစ်ထုတ်ပေးနိုင်တဲ့ အသည်းရဲ့ စွမ်းအင်ကို လျော့ကျစေပါတယ်။  အဲ ဒီအတွက် ကြာလာတဲ့အခါ အသည်း အဆီဖုံးရောဂါနဲ့ အသည်း ရောင်ရမ်းတာ တို့ ဖြစ်လာတတ်ပါတယ်။

(၂) ဆေးကို အလွန်အကျွံမှီဝဲခြင်း

ဆေးတွေကို အလွန်အမင်းမှီဝဲတာကြောင့် အသည်းကို အဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်။ အဲဒီအခါ အသည်းထိခိုက်မှုက ယာယီကနေ အပြည့်အဝ ဖြစ်စေနိုင်ပါတယ်။

(၃) ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်တာက အန္တရာယ်များတဲ့ အကျင့်ဖြစ် ပြီး နောက်ဆက်တွဲ ကျန်းမာရေး ပြဿစ  နာ အများစုကို ဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်သောက်တာကြောင့် အသည်းကို ယိုယွင်းထိခိုက်စေရုံသာမကအ သည်းရောဂါတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ စီးကရက်မီးခိုးထဲမှာပါတဲ့ အဆိပ်အတောက်ရှိ ဓာတု ပစ္စည်းတွေဟာ အသည်းဆီကို ဖြည်းဖြည်းချင်း ရောက်ရှိရာက ဖရီးရယ်ဒီကယ်လ်တွေ ထွက်ကာအ သည်းဆဲလ်ကောင်းတွေကို တိုက်ခိုက်ပါတော့တယ်။

(၄) အိပ်ရေးပျက်ခြင်း

အိပ်ရေးပျက်တာကြောင့် ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ လေ့လာမှုတွေအရအိပ် ချိန်အလုံအလောက် မရတာက အသည်းကို Oxidative Stress ကြောင့် ထိခိုက်မှုဖြစ်စေ နိုင်တယ်လို့သိရ ပါတယ်။ Oxidative Stress က ကျန်းမာတဲ့ ဆဲလ်ကောင်းတွေကို ထိခိုက်စေနိုင်တဲ့ ဖရီးရယ်ဒီကယ် ထွက်ရှိမှုကို အားပေးတာကြောင့်ပါ။

(၅) အာဟာရချို့တဲ့ခြင်းနှင့် အဝလွန်ခြင်း

အဝလွန်တာက အထိုင်များတဲ့ နေထိုင်စားသောက်မှု ပုံစံ၊ အစာစားတဲ့ အကျင့်တွေနဲ့ ဆက်စပ်မှုရှိပါတယ်။ အစာစားတဲ့ အကျင့် မကောင်းတာကြောင့် ရေရှည်မှာ အသည်းကို ထိခိုက်စေနိုင်ပါ တယ်။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစာစားတာကြောင့် အသည်းကို ဒဏ်ဖြစ်စေပြီး အဆီစုပုံမှု တိုးကာ အရက်ကြောင့် မဟုတ်တဲ့ အသည်းအဆီဖုံးရောဂါ (NAFLD-Non Alcoholic Fatty Liver Disease) ကို ဖြစ်စေနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top