Healthy Life Ad
International

အသက်ရှင်အောင် ရေခဲစောင်ပတ်ထားခဲ့ရသည့် ကလေး

မိုးမင်းထွန်း

ယူကေနိုင်ငံ၊ ဝီလီယမ်ဟာဗေးဆေးရုံမှ ဆရာဝန်တွေဟာ ရေခဲစောင်ထဲမှာ အအေးခံထားပြီး ကလေးငယ် တစ်ယောက်ရဲ့အသက်ကို ကယ်တင်ခဲ့ပါတယ်။ မွေးမွေးချင်းမှာ အသက်ရှူ ရခက်ခဲတဲ့ ပြဿသနာကို ခံစားရတဲ့ သီအိုဘက်ကင်ဟမ်ဆိုတဲ့ ကလေးငယ်ကို ဆရာဝန်တွေက အသက်ပြန် ရှူ အောင်ပြုလုပ်ခဲ့ရပြီး ဦးနှောက် ပျက်စီးမှုမှကာကွယ်ဖို့အတွက် ကိုယ်တွင်းအပူချိန်ကျဆင်းအောင် ပြုလုပ်ခဲ့ရပါတယ်။ကလေးငယ်ကို အသက် ၄၀ အရွယ် မိခင် ရေဘက်ကာက လွန်ခဲ့တဲ့နှစ် အောက်တိုဘာလက သီအိုကို မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

မီးဖွားအပြီးမှာ သီအီုဟာ အသက်ရှူ ရ အခက်အခဲဖြစ်ခဲ့ပါတယ်။ ဆရာဝန်တွေဟာ သီအိုကို အသက်ရှူအောင် CPR ကုထုံးကို ပြုလုပ်ခဲ့ပြီး တစ်ပြိုင်နက်တည်းမှာပဲ တခြားဆရာဝန်တွေကကလေးရဲ့ ဦးနှောက်နဲ့ တခြားအင်္ဂါ အစိတ်အပိုင်းတွေမပျက်စီးအောင် ကိုယ်တွင်းအပူချိန်ကျဆင်းဖို့ ကြိုးစားပေးခဲ့ကြပါတယ်။ သူတို့ဟာ သီအိုကို ရေခဲစောင်နဲ့ပတ်ထားပြီး၇၂နာရီအကြာမှာ တဖြည်းဖြည်းနွေးထွေးအောင် ပြုလုပ်ပေးခဲ့ပါတယ်။

ငါးရက်မြောက်နေ့မှာ သီအိုဟာ အသက်ရှူ ပိုက်က်တွေရဲ့အကူအညီမလိုဘဲ အသက်ရှူ နိုင်လာခဲ့ပါတယ်။

“ ဆရာဝန်တွေနဲ့ သူနာပြုဆရာမတွေကကျွန်မကလေးရဲ့အသက်ကိုကယ်တင်ခဲ့တာပါ။ သူတို့ရဲ့လျင်မြန်တဲ့ ဆုံးဖြတ်ချက်နဲ့ တီထွင်ဆန်းသစ်တဲ့ ကုသမှုတွေကြောင့်သာ သီအိုအသက်ရှင်ခဲ့ရတာပါ “ လို့ သီအိုရဲ့ မိခင်ရေဘက်ကာက ကျေးဇူးတင်စကားပြောခဲ့ပါတယ်။သီအိုဟာ အခုအချိန်မှာ ကျန်းမာချမ်းသာစွာရှိပြီး တစ်နှစ်ပြည့်မွေးနေ့ကို မကြာသေးခင်က ကျင်းပခဲ့ပါတယ်။ အရှေ့ကန့်ကောင်တီတက္ကသိုလ်ဆေးရုံမှ ကလေးရောဂါအထူးကု ဒေါက်တာ လီကော်လီယာက “ကလေးတစ်ယောက်ဟာ မွးဖွားပြီးခါစမှာ အသက်ရှူ ရအခက်အခဲဖြစ်ပြီး အောက်ဆီဂျင်အလုံအလောက်မရရှိတဲ့အခါမှာ ဒီလိုကုထံမျိုးကို သုံးရပါတယ်” လို့ ပြောပါတယ်။ ခန္ဓာကိုယ် အပူချိန်ကျဆင်းအောင်ရေခဲစောင်သုံးတာက ဦးနှောက်ဆဲလ်တွေရဲ့လှုပ်ရှားမှုကို နှေးကွေးစေပြီး ပြန်လည်သက်သာ
မယ့် အခွင့်အရေးကိုရရှိစေတယ်လို့ သူကဆိုပါတယ်။

Ref: DM

Most Popular

Healthy Life Ad
To Top