၊ ကိုထက် ၊
အသက် ၃၇နှစ်အရွယ် ကလဲရာက သူရဲ့နှစ်နှစ်အရွယ် သားငယ်လေးဂျိတ်ခ်ဟာ မွေးရာပါ နှလုံးအားနည်းတာကြောင့် သုံးကြိမ်တိုင် အသက်ဆုံးရှုံးမလို ဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်။
နောက်ဆုံးအကြိမ် ဂျိတ်ခ် အပူကြီးပြီး သတိလစ်ကာ အသက်ရှူရပ်သွားတဲ့အခါ ကလဲရာက CPR အသက်ကယ်ကုထုံးနဲ့ ပြန်ရှင်အောင်ပြုလုပ်နိုင်ခဲ့ပါတယ်။ မေလ ၂၀၁၅ မှာ မွေးဖွားခဲ့တဲ့ ဂျိတ်ခ်မှာ မွေးရာပါ နှလုံးခုန်ပုံမမှန်ဖြစ်တာ၊ နှလုံးကြီးတာနဲ့ နှလုံးအပေါက်ပါရှိတာ စတဲ့ အခြေအနေတွေနဲ့ မွေးဖွားခဲ့ပြီး သူ့နှလုံးခုန်နှုန်းမှန်အောင် ဆေးဝါးကုထုံးတွေခံယူခဲ့ရပါတယ်။ နှလုံးရပ်ပြီး ဆေးရုံမှာ အထူးကြပ်မတ်ကုသခဲ့ရပြီး နောက်ပိုင်း ဂျိတ်ကို နှလုံးခွဲစိတ်မှု ခံယူခဲ့ရပါတယ်။ မကြာခင်မှာ ဒုတိယအကြိမ် နှလုံးရပ်ခဲ့ပြီး ဆေးကုသမှုတွေပေးခဲ့ရပါတယ်။
အဲဒီအချိန်အတွင်း မိခင်ဖြစ်သူ ကလဲရာက CPR အသက်ကယ်ကုထုံးကို သင်ယူလေ့လာခဲ့ပါတယ်။ ဒါကြောင့် တတိယအကြိမ် အဖျားကြီးပြီးတက်သွားတဲ့ ဂျိတ်ရဲ့အသက်ကို ကယ်တင်နိုင်ခဲ့တာဖြစ်တယ်လို့ ကလဲရာက ဆိုပါတယ်။ မိဘတိုင်းလည်း CPR အသက်ကယ်ကုထုံးကို သိနားလည်ထားသင့်ကြောင်း ကလဲရာက အကြံပြုထားပါတယ်။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)