Healthy Life Ad
International

တစ်ဘဝလုံး မျက်နှာပေါ်က အမှတ်ကိုမိတ်ကပ်ဖြင့် ဖုံးထားခဲ့သူ သတ္တိရှိရှိ မိတ်ကပ်ခွာချလိုက်ပြီ

၊ ZKO ၊

အသက်ခြောက်နှစ် အရွယ်ကတည်းက လော်ရန်း ဖော်စတာသည် အခြားသူတို့၏ လှောင်ပြောင်မှုကြောင့် ညာဘက်မျက်နှာရှိ မွေးရာပါ အမှတ်ကို မိတ်ကပ်ဖြင့် ဖုံးအုပ်ထားခဲ့သည်။ လစ်ဗာပူးတွင် နေထိုင်သည့် လော်ရန်း၏ မျက်နှာညာဘက် အခြမ်း၌ ဝိုင်အစွန်း အကွက်များကဲ့သို့ မွေးရာပါ အမှတ်ရှိနေပြီး ယင်းမှာ အရေပြားအောက်တွင် ပုံမမှန် သွေးကြောများကြောင့် ဖြစ်ရခြင်း ဖြစ်သည်။ ယူကေတွင် နှစ်စဉ် ကလေးတစ်ထောင် မွေးတိုင်း တစ်ဦးနှုန်း၌ ထိုသို့အမှတ်မျိုး ပါလာတတ်ကြောင်း သိရသည်။ အသက်နှစ်နှစ် အရွယ်တွင် လော်ရန်းသည် ယူကေနှင့် အမေရိကရှိ လေဆာကုထုံး ၁၆ ကြိမ် ခံယူ ခဲ့သော်လည်း သူမမျက်နှာရှိ အမှတ်မှာ လျော့ကျမှု မရှိခဲ့ပေ။ “အရင်က ကျွန်မရဲ့ မွေးရာပါအမှတ်ကို မီးလောင် ဒဏ်ရာလားလို့ မေးကြတယ်။ လှောင်ပြောင်တဲ့ဒဏ်ကို မခံနိုင်တော့လို့ ခြောက်နှစ်သမီးကတည်းက မိတ်ကပ်နဲ့ ဖုံးခဲ့ပါတယ်။ အခုတော့ ကျွန်မရဲ့ ပင်ကိုအသွင် အစစ်အမှန်ကို တခြားသူတွေကို ပြရဲပါပြီ။ ထပ်ပြီး ဖုံးကွယ်စရာ မလိုတော့ပါဘူး” ဟုလော်ရန်းက ဆိုသည်။

လော်ရန်း မွေးဖွားစဉ်က ဆရာဝန်တို့သည် မွေးရာပါ အမှတ်ကြောင့် ဦးနှောက်ထိခိုက်မည်စိုး၍ လျှပ်စစ်သံလိုက် ဓာတ်မှန်ရိုက်ခဲ့ရာ အန္တရာယ်မရှိသော မွေးရာပါ အမှတ်ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။ လော်ရန်း နှစ်နှစ်သမီး အရွယ်၌ မိခင်က လေဆာကုထုံးဖြင့် ကုသရန် ကြိုးပမ်းပေး ခဲ့သော်လည်း အမှတ်က လျော့ပါးခြင်းပင် မရှိခဲ့ပေ။ သို့ဖြစ်ရာ ခြောက်နှစ်သမီး အရွယ်တွင် လော်ရန်း၏ ဆန္ဒအရ ထိုအမှတ်ကို ဖုံးကွယ်နိုင်ရန် မိတ်ကပ်ဖြင့် ဖုံးအုပ်ပေး ခဲ့ရသည်။ ယခုအခါ အသက် ၂၀အရွယ် ရောက်ရှိလာပြီ ဖြစ်သည့် လော်ရန်းသည် မိတ်ကပ်မပါဘဲ အပြင်ထွက်ရန် ကိုယ်ကိုယ့်ကိုယ် ယုံကြည်မှု ရှိသွားခဲ့ပြီ ဖြစ်သည်။

(Ref;DM)

Most Popular

Healthy Life Ad
To Top