Healthy Life Ad
International

ဇူကာဘတ်၏ အရောင်ခွဲခြားမြင်နိုင်စွမ်း ချို့တဲ့မှုကြောင့် ဖေ့စ်ဘွတ်ခ် အပြာရောင်လွှမ်းနေ

၊ လရိပ်မေ ၊

အရောင်ကို ခွဲခြားမြင်နိုင်စွမ်း မရှိခြင်းဆိုသည်မှာ အဖြူရောင်နှင့် အနက်ရောင်ကိုသာ
မြင်တွေ့နိုင်သည်ဟု ဆိုလိုခြင်း မဟုတ်ပါ။ အချို့အရောင်များကို ခွဲခြားနိုင်စွမ်း အခက်အခဲရှိသည်ကို ဆိုလိုခြင်းသာ ဖြစ်၏။
လူသုံးများလှသော လူမှုကွန်ယက်
ဖေ့စ်ဘွတ်ခ်စာမျက်နှာ အပြာရောင်သမ်းရခြင်းမှာ ဖေ့စ်ဘွတ်ခ်တီထွင်သူ မာ့ခ်ဇူကာဘတ်အတွက် အပြာရောင်ကို မြင်နိုင်စွမ်း မြင့်မားခြင်းကြောင့်
ဖြစ်ရကြောင်း သိရသည်။ ဇူကာဘတ်၏ အိမ်ကို အပြာရောင် ဆေးသုတ်ထားလေ့ရှိပြီး ခြွင်းချက်အားဖြင့် မီးဖိုချောင်ကသာ အဝါရောင်တောက်တောက် ဆေးသုတ်ထားသည်။ ယခင်က ဇူကာဘတ်သည် အရောင်နှင့် ပတ်သက်၍ သူ့ကိုယ်သူ ခွဲခြားနိုင်စွမ်း မရှိကြောင်း မသိခဲ့ပေ။ အွန်လိုင်းစစ်ဆေးမှု တစ်ခုခံယူခဲ့ရာ သူ့ကိုယ်သူ အနီ – အစိမ်းအရောင် ခွဲခြားနိုင်စွမ်းမရှိကြောင်း နားလည် သဘောပေါက်ခဲ့သည်။
“အပြာရောင်ကို အကောင်းဆုံးမြင်နိုင်လို့
ဖေ့စ်ဘွတ်ခ်က ပြာနေရတာပါ”
ဟု မာ့ခ်ဇူကာဘတ်က ဆိုသည်။
(Ref;Factually)

Most Popular

Healthy Life Ad
To Top