Healthy Life Ad
Q & A

ဆီးချိုရှိရင် ချိုတဲ့ သစ်သီး စားနိုင်သလား . .

ပါမောက္ခဦးကိုကို
(ဆီးချိုနှင့် အထွေထွေရောဂါ
အထူးကုဆရာဝန်ကြီး)

မေး . ကျွန်မ ဖေဖေက ဆီးချိုရောဂါရှိလို့ပါ ဆရာ။ သူက သစ်သီးတွေကြိုက်တော့ ကျွန်မသိချင်တာက ဆီးချိုရှိရင် ချိုတဲ့ သစ်သီးတွေကို စားလို့ရနိုင် ပါ့မလား ဆရာ။
ခိုင်ခိုင်၊ ညောင်ဦး။

ဖြေ .ဆီးချိုရောဂါ ရှိသူတွေက အသီးအနှံနဲ့ ပတ်သက်ရင် သိပ်ချိုတဲ့ အသီးတွေကို ဆီးချိုတက်နေရင် မစားရပါဘူး။ သိပ်မချိုတဲ့ အသီးတွေကိုတော့ ဆီးချိုပုံမှန် ရှိနေချိန်မှာ စားလို့ရပါတယ်။ သရက်သီး၊ ပိန္နဲသီးတို့လို သိပ်ချိုလွန်းတဲ့ အသီးတွေကိုတော့ ဆီးချိုစစ် ကြည့်လို့ တက်နေတဲ့နေ့ဆိုရင် မစားတာ ကောင်းပါတယ်။ ဆီးချို မတက်တဲ့နေ့ဆိုရင် အသင့်အတင့်စား လို့ရပါတယ်။ ချင့်ချိန်ပြီး စားသင့်ပါတယ်။

ပန်းသီးအစိမ်းနဲ့ အနီမှာ ဘာစားသင့်သလဲ ဆိုရင် ပန်းသီးအစိမ်းက သိပ်မချိုတဲ့အတွက် စားသင့်ပါတယ်။ Glycaemic Index ဆိုပြီး ဒီအစာတစ်ခု စားလိုက်ရင် သွေးတွင်း သကြားဓာတ် ဘယ်လောက် တက်သွားသလဲ ဆိုတာကို တိုင်းတာလေ့ ရှိပါတယ်။ ဆီးချိုသမားတွေအဖို့ GI နည်းတဲ့အစာ တွေဆိုရင် စားလို့ရပါတယ်။ GI နည်းတဲ့ အစာတွေက အရွက်တွေနဲ့ တချို့အသီးတွေ (ဥပမာ- ပန်းသီး၊ လိမ္မော်သီး၊ သခွားမွေးသီး၊ ဖီးကြမ်းငှက်ပျောသီး စတာတွေ ကိုစားလို့ရပါတယ်။ တချို့ အသီးတွေကိုတော့ ဆီးချို တက်နေရင် မစားပါနဲ့။

သစ်သီးဖျော်ရည်တွေ သောက်ချင်ရင် ဆီးချိုသမား သီးသန့်သကြားနဲ့ ဖျော်သောက်တာ အကောင်းဆုံးပါပဲ။ လိမ္မော်ရည်ဆိုရင် လိမ္မော်သီးကို အရည်ညှစ်ပြီး ဆီးချိုသမား သီးသန့်သကြားနဲ့ ဖျော်သောက်ဖို့ လိုပါတယ်။

ကော်ဖီ သောက်ချင်ရင်လည်း ကြိုက်တဲ့ ကော်ဖီမှုန့်ကို သုံးပြီး နို့စိမ်း ဒါမှမဟုတ် နွားနို့ ထည့်ဖျော်ပြီး ဆီးချိုသကြား ထည့်သောက်ပါ၊ ဆီးချို သကြားဆိုရင် အထုပ်လေးတွေက ပိုကောင်းပါတယ်။ အကြမ်းဖျင်းအားဖြင့် တစ်နေ့ကို တစ်ထုပ်နဲ့ သုံးထုပ်ကြား သောက်လို့ရပါတယ်။

Most Popular

Healthy Life Ad
To Top