Healthy Life Ad
Health Tips

လေးလုံးမလေးတို့အတွက် မိတ်ကပ်ပြင်ဆင်နည်းများ

ငွေကြယ်စင်ယံ
မျက်မှန်တပ်ဆင်ရသူတွေကို ချစ်စနိုးနဲ့ လေးလုံးမလေး၊ မှန်ကြောင်မလေး စသဖြင့် ခေါ်တတ်ကြပါတယ်။ လေးလုံးမလေး ဖြစ်လို့လည်း အားမငယ်ပါနဲ့။ မျက်မှန်တပ်ထားပေမယ့် ချစ်စရာကောင်းတဲ့ ပျိုမေလေး ဖြစ်အောင် စွမ်းဆောင်နိုင်ပါတယ်။ ကိုယ့်မိတ်ကပ်အပြင်အဆင်၊ ကိုယ်တပ်ဆင်တဲ့ မျက်နှာ လိုက်ဖက်ပနံရပြီး ကြည့်ကောင်းနေတဲ့အခါ တခြား မိန်းကလေးတွေကတောင် သင့်လို မျက်မှန် လိုက် တပ်ချင်စိတ် ဖြစ်နေမှာပါ။
(၁) မျက်တောင်ထူထူဆိုးပါ
ရေစိုခံ မက်စ်ကာရာ ဆိုးတာက မျက်မှန်တွေပေါ် မက်စ်ကာရာတွေ စွန်းပေတာကို ရှောင်လွှဲနိုင်ပါတယ်။ ဒါကြောင့် မျက်တောင်တွေပေါ် ရေစိုခံ မက်စကာရာ ဆိုးတာကြောင့် မျက်ဝန်း ပိုကြီးမားသလို ထင်ရပြီး ပိုတောက်ပစေပါတယ်။
(၂) နှုတ်ခမ်းဆိုးဆေးကို အရောင်ရင့်ရင့် ဆိုးပါ
မျက်တောင်တွေက ထူထဲပြီး အရောင်ရင့်နေရင် နှုတ်ခမ်းကလည်း တောက်ပနေမှ ကြည့်ကောင်းပါတယ်။ ဒါပေမဲ့ မျက်မှန်ကိုင်းက ခပ်ပါးပါးဆိုရင် ပန်းသွေးရောင် နှုတ်ခမ်းနီ ဆိုးသင့်တာပါ။
(၃) အိုင်းရှဲဒိုးကို သဘာဝအရောင် လိမ်းပါ
မျက်မှန်ကိုင်း ထူထူတပ်ရင် အိုင်းရှဲဒိုးကို မြေကြီးဆန်ဆန် သဘာဝ အရောင်ပဲလိမ်းပါ။ မျက်မှန်ကိုင်းက ပါးရင် အိုင်းရှဲဒိုးကို အရောင်ရင့်ရင့် (ဥပမာ အညိုရင့်၊ အဝါရင့်) လိမ်းသင့်ပါတယ်။
(၄) မျက်တောင် ကော့ပါ
မျက်တောင်တွေကို ကော့ပေးရင် မျက်လုံးကို ပိုကြီးပြီး ပိုလန်းဆန်းသလို ထင်ရစေပါတယ်။ အထူးသဖြင့် မျက်မှန်တပ်ထားချိန်မှာ မျက်ဝန်းအလှကို ပေါ်လွင်စေပါတယ်။
(၅) ကွန်ဆဲလ်လာလိမ်းပါ
မျက်ကွင်းညိုနေရင်၊ မျက်ဝန်းအောက်မှာ နီမြန်းနေရင် ကွန်ဆဲလ်လာ လိမ်းပါ။ နေ့စဉ်နေတိုင်း မျက်နှာကို နေကာခရင်မ် လိမ်းပေးတာကြောင့် မျက်ကွင်းညိုတာကို လျော့ပါးသက်သာစေပါတယ်။
(၆)မျက်ခုံးကို ပုံသွင်းပါ
မျက်ခုံးမွှေးနုတ်ပြီး ပုံသွင်းပြုပြင်တာကြောင့် မျက်နှာကျပုံစံကို ပိုတင့်တယ် ကြည့်ကောင်းစေပါတယ်။ မျက်ခုံးတွေ ပုံကျနေစေဖို့ မျက်ခုံမွှေးပေါ်မှာ မက်စ်ကာရာ အကြည်ရောင် ခပ်ပါးပါး ဆိုးပေးပါ။
(၇) ဖောင်ဒေးရှင်းထူထူ မလိမ်းပါနှင့်
မိတ်ကပ်တွေ တစ်နေ့လုံးခံအောင် ဖောင်ဒေးရှင်းထူထူ မလိမ်းပါနဲ့။ မျက်မှန်တပ်တဲ့အခါ ဖောင်ဒေးရှင်းထူရင် ကွက်ပြီး ကြည့်ရဆိုးစေပါတယ်။ ဖောင်ဒေးရှင်းခရင်မ် ခပ်ပါးပါးလိမ်းထားပေမယ့် မျက်နှာအသားအရေ ကြည့်ကောင်းနေအောင် ၂ နာရီကြာတိုင်း ပေါင်ဒါရိုက်ပေးပါ။ အဆီပြန်တာ၊ ချွေးကွက်တာနဲ့ မိတ်ကပ်ပျက်တာတို့ကင်းပြီး ကြည့်ကောင်းနေမှာပါ။
(၈) အိုင်းလိုင်နာ ဆိုးပါ
သင့်မျက်မှန်အရောင်နဲ့ လိုက်ဖက်ညီတဲ့ အိုင်းလိုင်နာ ဆိုးပါ။
နီညိုရောင် အိုင်းလိုင်နာက မျက်မှန်တပ်တဲ့ ပျိုမေတွေနဲ့ လိုက်ဖက်ပါတယ်။ မျက်စိကို ပိုထင်ရှားပေါ်လွင်စေပြီး မျက်မှန်တပ်တဲ့အခါ ပိုအသက်ဝင်စေပါတယ်။

 

Most Popular

Healthy Life Ad
To Top