Healthy Life Ad
Child

မြန်မာလူမျိုးတို့၏ သရေစာ အကြော်စုံ

၊ ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး) ၊

– ဗယာကြော်

ဗယာကြော် တစ်ခုမှာ ကယ်လိုရီ ၇၀ ပါဝင်ပါ တယ်။

ဗယာကြော်ဆိုရင် ဆီထဲကို နှစ်ပြီး ကြော်ရပါတယ်။ ဒါကြောင့် ကိုလက်စထရော တက်ပါတယ်။

– ဘူးသီးကြော်

ဘူးသီးကြော် တစ်ခုမှာ ကယ်လိုရီ ၇၀ ပါဝင်ပါတယ်။

ဘူးသီးဆိုရင် ပင်ကိုက ကယ်လိုရီ မတက်ဘူး။ ဒါပေမဲ့ ဘူးသီးမှာ ကပ်ထားတဲ့ အမှုန့်ကနေ အကြော် ဖြစ်သွားတဲ့အတွက် ပြောင်းလဲဆီ(Trans Fat) အဖြစ်ကို ပြောင်းသွားပါတယ်။ အဲဒါကြောင့် ကျန်းမာရေးနဲ့ မညီညွတ်တော့ဘူး။ ကိုလက်စထရော တက်စေနိုင်ပါတယ်။

– စမူဆာ

စမူဆာ တစ်ခုမှာ ကယ်လိုရီ ၉၀ ပါဝင်ပါတယ်။

စမူဆာဆိုရင် ပါဝင်တဲ့ အာလူးနဲ့ တခြား အဆာပလာတွေက ကယ်လိုရီ မတက်ပေမယ့် ထပ်ခါတလဲလဲ ကြော်ထားတဲ့ ဆီထဲနှစ်ပြီး ကြော်တဲ့အတွက် ကိုလက်စထရော တက်စေနိုင်ပါတယ်။

ဘယ်သူတွေ မစားသင့်ဘူးလဲ

ပြောင်းလဲဆီနဲ့ ကြော်ထားတဲ့ အကြော်စာတွေကို အသက်ကြီးလာရင် အတတ်နိုင်ဆုံး ရှောင်သင့်ပါ တယ်။ နှလုံးရောဂါ ရှိသူတွေ၊ နှလုံးသွေးကြောကျဉ်းရောဂါ ရှိသူတွေ လုံးဝ မစားသင့်ပါဘူး။ ဆီးချို သွေးချိုရောဂါ ရှိတဲ့သူတွေ လုံးဝ မစားသင့်ပါဘူး။

အကြော်စုံကို ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လို စားလို့ ရမလဲ

အကြော်တွေကို စားချင်တယ်ဆိုရင် အိမ်မှာ ဆီသန့်လေးနဲ့ တစ်ခါကြော်ပြီး စားသင့်တယ်။ ပြီးရင် အဲဒီကြော်ထားတဲ့ ဆီနဲ့ ထပ် မကြော်သင့်တော့ပါဘူး။

ဆိုင်က ဝယ်စားရင် ဒီနေ့လည်း ဒီဆီတွေနဲ့ ကြော်တယ်၊ နောက်နေ့လည်း ဒီဆီတွေထဲ နှစ်ကြော်တယ် ဆိုတော့ ပြောင်းလဲဆီ (Trans Fat) အဖြစ် ပြောင်းသွားပါတယ်။

Most Popular

Healthy Life Ad
To Top