Healthy Life Ad
International

ရင်သားနှစ်ဖက်လုံး ဖြတ်ထုတ်ခဲ့ရသူက လှပသော ဆေးမင်ကြောင်ရေးထိုးထား

၊ ZKO ၊

အသက် ၂၃ နှစ်အရွယ်က ရင်သားကင်ဆာ ခံစားခဲ့ရသော နစ်ကီဘလက်ခ်သည် ရင်သားနှစ်ဖက်စလုံး ဖြတ်ထုတ်ခဲ့ပြီးနောက် ခွဲဒဏ်ရာ အမာရွတ်များ ဖုံးအုပ်နိုင်ရန် စဉ်းစားခဲ့သည်။ ယခုအခါ ၂၅ နှစ်ရှိပြီဖြစ်သည့် နစ်ကီသည် နို့သီးခေါင်းအား အစားထိုးကုသမည့်အစား နှလုံးပုံ ဆေးမင်ကြောင်အလှထိုးပြီး ရင်သားကို ပြန်လည်ပုံသွင်းပြုပြင်ခဲ့သည်။

“ဆေးမင်ကြောင်ထိုးလိုက်တော့မှ ကျွန်မခန္ဓာကိုယ်က အန္တရာယ်ကင်းတဲ့ အနေအထားရောက်သွားသလို ယုံကြည်မှု ရှိသွားပါတယ်”ဟု လော့စ်အင်ဂျလိစ် အခြေစိုက်စင်ပေါ်တွင် ဟာသဖြင့် ဖျော်ဖြေတင်ဆက်သူ နစ်ကီက ဆိုသည်။

ရင်သားကင်ဆာရှိမှန်း ဆရာဝန်က ဖုန်းဖြင့် အကြောင်းကြားစဉ်က နစ်ကီ အလွန်စိတ်ညစ်ခဲ့ရကြောင်းနှင့် မိသားစုမျိုးရိုးတွင် ရင်သားကင်ဆာ မရှိဖူးသဖြင့် လုံးဝလန့်ဖျတ်သွားခဲ့ကြောင်း နစ်ကီက ဆိုသည်။ ထိုအချိန်တွင် သူမ၏ ဟာသဖျော်ဖြေသော အလုပ်ကြောင့် စိတ်ခွန်အားရှိခဲ့ကြောင်း နစ်ကီက ဆိုသည်။ ဇွန်လအလယ်ပိုင်းတွင် ရင်သားကင်ဆာ ရှိမှန်းသိခဲ့သော နစ်ကီသည် ဇူလိုင်လတွင် ရင်သားနှစ်ဖက်စလုံး ဖြတ်ထုတ်ခဲ့ရသည်။ ထို့နောက် ကင်ဆာဆေးသွင်းကုထုံး ခံယူခဲ့ရသည်။ မကြာမီ ဆေးကုသမှု၏ ဘေးထွက်ဆိုးကျိုးကြောင့် နှလုံးတွင်း သွေးခဲကာ   ဆေးရုံတက်ခဲ့ရသည်။

နောက်ပိုင်းတွင် နစ်ကီသည် လော့စ်အင်ဂျလိစ်၌ ရင်သားကင်ဆာဖြင့် အသက်ရှင်သူများအတွက် ပုံသွင်းပြုပြင်ပေးသော ဆေးမင်ကြောင်ပညာရှင် ဟိုလီဖန်နက်နှင့် တွေ့ဆုံကာ အမာရွတ်များ ဖုံးကွယ်နိုင်သည့် ရောင်စုံဆေးမင်ကြောင် ရေးဆွဲဖြစ်ခဲ့တော့သည်။

“ကျွန်မခန္ဓာကိုယ်ကို ထပ်ပြီး ပြန်ရသလို ခံစားခဲ့ရတယ်”ဟု နစ်ကီက ဆိုသည်။

(Ref;DM)

Most Popular

Healthy Life Ad
To Top