Healthy Life Ad
Health Tips

မြန်မာလူမျိုးတို့၏ အဓိကစားဖွယ်ရာ ငါးပိရည်အကြောင်း

တောင်ပေါ်ဆရာမလေးးတွေရဲ့အမောပြေစရာအချိန်လေးပေါ့နော် ထမင်းစားချိန်လေးပါ်

တွင် Khinsan Hlaing က တင်ထားသော ကြာသပတေးနေ့, 1 စက်တင်ဘာလ 2016

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)

မြန်မာလူမျိုးအများစု၊ အထူးသဖြင့် မြစ်ဝကျွန်းပေါ်က လူတွေဆိုရင် ငါးပိရည်ကို အင်မတန်ကြိုက်ကြတယ်။ တချို့က ထမင်းထဲ ငါးပိရည်ဆမ်းစားတယ်၊ တချို့က ဟင်းသီးဟင်းရွက် အတို့အမြှုပ်တွေနဲ့ တို့ပြီးစားကြတယ်။

ဘယ်လို ကောင်းကျိုးရှိသလဲ

ငါးပိရည်ကို ဟင်းသီးဟင်းရွက်အတို့အမြှုပ်တွေနဲ့ တို့စားတာက ပိုပြီးသင့်တော်တယ်၊ အရသာလည်းပိုကောင်းတယ်၊ ပရိုတင်းဓာတ်ကိုလည်း ရရှိစေပါတယ်။ ဒါပေမဲ့ ငါးပိရည်ကို ဆမ်းစားမယ်ဆိုရင် ကယ်လိုရီပိုရပြီး ဆိုဒီယမ် ပိုရသွားနိုင်ပါတယ်။

ဘယ်လို အာဟာရဓာတ်တွေ ပါဝင်သလဲ

ငါးပိရည်ကို ငါး ၁၀ဝ ဂရမ်နဲ့ ပြုလုပ်ထားမယ်ဆိုရင် ပရိုတင်းဓာတ်က ၂၀ ဂရမ်ရပါတယ်၊ ဒါပေမဲ့ ဆိုဒီယမ်ပါဝင်မှုက ၂၃၀ဝ-၂၈၀ဝ မီလီဂရမ်ကြား ရှိနေပါတယ်။ ဒါကြောင့် သွေးတိုးရောဂါရှိသူတွေဆိုရင် လုံးဝမစားသင့်ပါဘူး။

ကယ်လိုရီ ဘယ်လောက်ပါသလဲ

အိမ်မှာငါးတွေကို အပုပ်ခံပြီး ဆားနဲ့ပဲလုပ်ထားတဲ့ ငါးပိရည်ဆိုရင် ၅ ml ပမာဏလောက်မှာ ကယ်လိုရီ ၂၀ လောက်ရတယ်လို့ပြောကြပါတယ်။ ငါးပိရည်လုပ်တဲ့အခါ ငါး ၁၀ဝ ဂရမ်ပါမယ်ဆိုရင် ကယ်လိုရီ ၁၀ဝ- ၁၂၀ လောက် ရနိုင်ပါတယ်။ ကယ်လိုရီကတော့ သိပ်ပြီးပါဝင်မှုမများတာကြောင့် သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါမရှိရင်တော့ အသင့်အတင့်စားနိုင်ပါတယ်။

ဘယ်လောက်ပမာဏ စားသင့်သလဲ

မျိုးရိုးမှာ သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါရှိနေရင် ငါးပိရည်ကို အသီးအရွက်တွေနဲ့တို့ပြီးပဲ အနည်းအကျဉ်းစားသင့်ပါတယ်။

ဘယ်သူတွေ မစားသင့်ဘူးလဲ

ငါးပိရည်က အချဉ်ဖောက်ထားတာဖြစ်တဲ့အတွက် ကင်ဆာရောဂါရှိသူတွေမှာတော့ မစားသင့်ပါဘူး။ ငါးပိရည်က အငန်ဖြစ်တဲ့အတွက် ဆီးချိုရောဂါရှိသူတွေ၊ သွေးတိုးရောဂါရှိသူတွေဆိုရင် မစားသင့်ပါဘူး။ အထူးသဖြင့် အသက်ကြီးတဲ့သူတွေမှာ သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါရှိတယ်ဆိုရင် ငါးပိရည်ကို လုံးဝမစားသင့်ပါဘူး။

Most Popular

Healthy Life Ad
To Top