Healthy Life Ad
Life Style

ရှင်သူတို့ နာမကျန်းဖြစ်ချိန်မှာ ဖေးကူရာ . . .

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

Noble Heart

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

“အမ . . အမ လာပါဦး၊ ဘဘ ရုတ်တရက် လဲကျသွားလို့”
ဘေးတိုက်ခန်းက ၁၃ နှစ်အရွယ် မီးမီးက တံခါးခေါက်ပြီး မောကြီးပန်းကြီးနှင့် ခက်မာကိုလာခေါ်သည်။ ဘဘ ဆီသို့ ခက်မာ အပြေးအလွှားလိုက်သွားကြည့်တော့ ဘဘက ကြမ်းပြင်ပေါ်မှာ ပုံလျက် သား၊”ဘဘ. . ဘဘ ”ခေါ်ကြည့်တော့ သတိရတစ်ချက် . . မရတစ်ချက်၊ သို့သော် ဘဘခြေထောက်လား၊ ပေါင်လားမသိ ကျိုးသွား ဟန်တူသည်။ နာကျင်လွန်းသဖြင့် ဘဘအော်ဟစ်နေတော့သည်။
“မမ . . မီးမီးတို့ ဘာလုပ်ကြမလဲ”

သနားစဖွယ် မီးမီးက ငိုသံတစ်ဝက်နဲ့ ခက်မာ ကို မေးတော့ ခက်မာဘာဖြေရမှန်းမသိ၊ ရုတ်တရက် ဘယ်သူ့ ကိုအကူအညီခေါ်ရပါ့မလဲ . . ချက်ချင်း အဖြေမပေါ်. . မိသားစုဝင်တွေကလည်း အားလုံး အလုပ်တွေသွားနေ ချိန် . . ဖျတ်ခနဲ ဖေ့စ်ဘွတ်ခ်မှာ တွေ့ဖူးသည့် ပရဟိတအသင်းတစ်ခုကို အမှတ်ရသွားသည်။

“ရှင်ကူဆိုလား . . ဘာဆိုလား”နှုတ်က ထွက်သွားပြီး လက်က Noble Heart ဆိုပြီး မှတ်ထားသည့် ဖုန်းနံပါတ် တစ်ခုကို နှိပ်လိုက်မိသည်။
ခဏနေတော့ ရှင်ရေးကူညီမှုအသင်းမှ Noble Heart လက်ပတ်ပါသော လူငယ်၊ လူရွယ် လေးဦးရောက်လာ ကာ ဘဘကို ကျွမ်းကျင်စွာဖေးမပြီး လူနာတင်ယာဉ်နှင့် ဆေးရုံသို့ ခေါ်ဆောင်သွားတော့သည်။
“မမရယ် . . မီးမီးတို့ကံကောင်းလို့နော် . . ဒီလို အဖွဲ့မျိုးရှိလို့ ဘဘအချိန်မီ ဆေးရုံရောက်တာ . . သူတို့ အဖွဲ့နာမည်က ဘာတဲ့မမ . .”
“ရှင်ရေး ကူညီမှုအသင်းတဲ့ မီးမီး၊ Noble Heartလို့လည်း ခေါ်တယ်”
_ _ _
“နွမ်းပါးလူနာ၊ ကျိုးပဲ့နေတဲ့ လူနာ ဒါမှမဟုတ် ပိုက်ဆံရှိပေမယ့် ကျိုးပဲ့သွားတဲ့ လူနာတွေကို ဆေးရုံပို့တဲ့အခါ သယ်ပုံသယ်နည်းမတတ်ဘူးဆိုရင် လူနာတွေပိုနာကျင်ရတယ်၊ ပိုမဆိုးသင့်ဘဲ အခြေအနေ ပိုဆိုးရတတ်တယ်၊ ဒါကြောင့် အစ်မတို့က ဒီလူနာတွေကို သက်သောင့်သက်သာနဲ့ ဆေးရုံ၊ ဆေးခန်းရောက်အောင်ပို့ဆောင်ပေး တယ်၊လူနာတွေကို ဒီလိုသယ်မပြီး ကိုင်တွယ်တတ်ဖို့ အစ်မတို့International Rescue (နိုင်ငံတကာကယ် ဆယ်ရေးသင်တန်း)ကို စနစ်တကျ သင်ယူတတ်မြောက်ထားပြီးသား၊ အစ်မတို့ကို ဒီသင်တန်းပေးတဲ့ ဆရာကလူမှုထူးချွန်ဆုရထားတဲ့ ဆရာဦးလှထွန်းပါ။ အဲဒီတော့ ထိခိုက်ဒဏ်ရာရထားတဲ့ လူနာတွေကို အထပ်မြင့်ကပဲ ချချ၊ ပြိုကျပြီး ပိတ်မိနေတဲ့ တိုက်ပုံကြားကပဲ ထုတ်ထုတ် နာကျင်မှုမရှိဘဲ သက်သောင့် သက်သာနဲ့ ဆေးရုံ၊ ဆေးခန်းကို ပို့ပေးနိုင်တာဖြစ်ပါတယ်”ဟု အဆိုပါ ရှင်/ကူအသင်း၏ အတွင်းရေးမှူးဖြစ်သူ ဒေါ်ရွှေကြာက ဆိုသည်။

4

ယခုအခါ လူ့ဘဝ၏နောက်ဆုံးခရီးဖြစ်သော ဈာပနကိစ္စနှင့် ကျန်ရစ်သူတို့၏ သောကမီးကို ငြှိမ်း ပေးမည့် နာ ရေးကူညီမှုအသင်းများ မြောက်များစွာ ပေါ်ပေါက်လာခဲ့ပါသည်။ ထို့ကြောင့် နာရေးကိစ္စ အတွက် အခက်အခဲ ကြုံတွေ့နေရသော၊သောက ပရိဒေဝခံစားနေရသော နာရေးရှင်များမှာ သောကဝန် ၊ ဒုက္ခဝန်များပေါ့ကာ ငြိမ်း အေးသက်သာခဲ့ကြရပြီဖြစ်ရာ မသေမီနာနေကြရရှာသည့် (ကျန်းမာရေး ချို့တဲ့ကာ ရောဂါဝေဒနာခံစားနေရ သော ဆင်းရဲပင်ပန်း ညှိုးနွမ်းအားငယ်နေရရှာသော)ဝေဒနာရှင်များ ကို အားပေးကူညီ စောင့်ရှောက်မည့် ပရဟိ တ အသင်းအဖွဲ့များ နည်းပါးနေသေးသဖြင့် ရှင်ရေး ကူညီမှုအသင်း (Noble Heart) ကို ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ လတွင် စတင်တည်ထောင်ဖြစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တချို့လူနာတွေကျတော့နွမ်းပါးတယ် အဲဒီတော့ဆေးရုံဆေးခန်းသွားဖို့ လူနာတင်ယာဉ်မငှားနိုင်ကြဘူး. . . အဲဒီပြဿနာလေးတွေ ပြေလည်သွားအောင် အခမဲ့ဝန်ဆောင်မှုပေးတာဖြစ် . ..

“တချို့လူနာတွေကျတော့ နွမ်းပါးတယ်၊ အဲဒီတော့ ဆေးရုံဆေးခန်းသွားဖို့ လူနာတင်ယာဉ် မငှားနိုင်ကြဘူး . . အဲဒီပြဿနာလေးတွေ ပြေလည်သွားအောင် အခမဲ့ ဝန်ဆောင်မှုပေးတာဖြစ်ပါတယ်။ ပြီးတော့ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးနဲ့ ကလေးဆေးရုံစတဲ့ ဆေးရုံရှစ်ခုမှာ ကြက်သားဆန်ပြုတ်၊ သောက်ရေသန့်နဲ့ အာဟာရဒါနတွေ လှူ ဒါန်းပေးပါတယ်။ အဲဒီလို လှူဒါန်းဖြစ်ပုံက အစ်မကိုယ်တိုင် လွန်ခဲ့တဲ့ ရှစ်နှစ်တုန်းက သွေးလွန်တုပ်ကွေးဖြစ်ပြီး ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူခဲ့ရတော့ လူနာတွေ ရဲ့ လိုအပ်ချက်ကို မြင်တာနဲ့ ၃-၆-၂၀၁၄ အစ်မ မွေး နေ့မှာ လူနာတွေကို ကြက်သားဆန်ပြုတ်စတင်သွားလှူဖြစ်ခဲ့တယ်။ အဲဒီမှာ လူနာတွေက နောက်ရက်လာဦးမှာ လားလို့ အားကိုးတကြီးမေးတော့ စိတ်မကောင်းဖြစ်မိတယ်၊ အဲဒါနဲ့ သူငယ်ချင်းတွေနဲ့ တိုင်ပင်ပြီး၊ ငါးသောင်းစီ စတင်မတည်ပြီး တစ်လတစ်ကြိမ်၊ နောက်ပိုင်း ၁၅ ရက်တစ်ကြိမ်၊ နောက်ပိုင်း နေ့တိုင်းလှူဖြစ်သွားတာပါ၊ အစ်မ က စလှူဖြစ်ကတည်းက ဖေ့စ်ဘွတ်ခ်ပေါ်တင်လိုက်တာ၊ တကယ်လိုအပ်တဲ့နေရာကို လှူပါ့လားဆိုပြီး လူတွေ က စိတ်ဝင်စားပြီး အလှူရှင်အများကြီးက မတည်လှူဒါန်းလာကြတယ်. . အဲဒါကြောင့် နေ့တိုင်းလှူနိုင်သွားတာ ပါ”ဟု ဒေါ်ရွှေကြာက ပြောသည်။

3

လူနာတင်ယာဉ်၆စီးဖြင့် ရန်ကုန်မြို့တွင်းမှ အသည်းအသန် ဝေဒနာရှင်များ၊ ထိခိုက်ဒဏ်ရာရသူများနှင့် ဧရာဝတီ တိုင်းဒေသကြီးမှ ရောက်ရှိလာ သော ဝေဒနာရှင်များအား ဆေးရုံသို့ အချိန်မီ အခမဲ့ ပို့ဆောင်ပေးနေသော ရှင် /ကူ အသင်းသည် ဒလတစ်ဖက်ကမ်းရှိ သောက်ရေရှားပါးသော ရွာများတွင် ရေကန် ၂၈ ကန် တူးဖော်ပေးခဲ့ ကြောင်း၊ ဆင်းရဲချို့တဲ့ နွမ်းပါးလွန်းသော ဝေဒနာရှင်များအား ဆေးကုသစရိတ်ထောက်ပံ့လှူဒါန်းနေကြောင်း၊ အရေးပေါ်သွေးလိုအပ်သော ဝေဒနာရှင်များအတွက် သန့်ရှင်းသော သွေးများရရှိရန် ဆောင်ရွက်ပေးနေကြောင်း သိရသည်။
“မတော်တဆ ထိခိုက်ဒဏ်ရာရပြီး လမ်းဘေးမှာ လဲကျနေတဲ့ လူနာတွေကို ဆေးရုံပို့တဲ့အခါ လူနာရှင်မပါရင် တ ချို့ဆေးရုံတွေက လက်မခံချင်ကြဘူး၊ သူတို့မှာ တာဝန်ကြီးတော့လေ၊ နောက်တစ်ခုက လဲကျနေတဲ့ လူနာတွေ တွေ့ရင် လူတွေက အစ်မတို့ အသင်းကိုအကြောင်းကြားပါတယ်၊ ဒါပေမဲ့ အစ်မတို့ ရောက်တဲ့အခါမှာ လူနာက မရှိတော့ဘူး၊ နောက်တစ်ခုက အကြောင်းကြားတဲ့အချိန်က ညကြီးအချိန်မတော်ဆိုရင် လူတွေက တကွဲတပြား စီ ဖြစ်သွားတော့ ပြန်စုဖို့အဆင်မပြေတော့ဘူး၊ အဲဒီလိုအခက်အခဲလေးတွေတော့ ကြုံရပါတယ်. . ဒါကြောင့် အ ကြောင်းကြားပေးတဲ့လူတွေအနေနဲ့ အကြောင်းကြားတဲ့အခါ လဲကျနေတဲ့ လူနာကိုအရက်မူးလို့ လဲကျတာလား၊ တကယ်ဖျားနာနေတာလား၊ ထိခိုက်ဒဏ်ရာရ နေတာလားဆိုပြီး ကြည့်ပြီး သေချာပြောပြစေချင်တယ်၊ ပြီးရင် အစ်မတို့မရောက်မချင်း စောင့်ကြည့် နေစေချင်ပါတယ်”ဟု ဒေါ်ရွှေကြာက ကူညီအကြောင်းကြားပေးလိုသူများ အား တောင်းဆိုထား သည်။

2

“အစ်မတို့အသင်းက သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ဒေသတွေကိုသွားရောက်ပြီး ဘေးဒုက္ခသည်တွေကို လှူဒါန်းတာ၊ ကူညီစောင့်ရှောက်တာတွေ လုပ်ပေးပါတယ်။ အခု ရေဘေးဆိုရင် အကြိမ်ကြိမ်သွားရောက် လှူ ဒါန်းပြီးပါပြီ၊ အခုချင်းပြည်နယ် ရေဘေးသင့်ဒေသတွေကိုလည်း သွားရောက်လှူဒါန်းဖို့စီစဉ်နေသလို နောက်ထပ် အခမဲ့ဆေးခန်းဖွင့်ဖို့လည်း လျာထားပါတယ်”ဟု ဒေါ်ရွှေကြာက ပြောပြထားသည်။

Noble Heart ရှင်ရေးကူညီမှုအသင်းနှင့်လက်တွဲပူးပေါင်း၍ အများအကျိုးပြု ပရဟိတလုပ်ငန်းများကို ကိုယ်ကျိုး မဖက်ဆောင်ရွက်လိုကြသည့် ပရဟိတမောင်နှမများ၊ မတော်တဆထိခိုက်မှုဖြစ်၍ ဆေးရုံသို့သွားရန် လူနာတင် ယာဉ် အခက်အခဲရှိနေသူများ၊ပါဝင်လှူဒါန်းလိုသူများသည် Noble Heartအမှတ် (၂၈)၊ ၆၃လမ်း၊ ဗိုလ်တစ် ထောင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ဖုန်း -ဝ၉ ၂၅၂၀ ၁၁၁ ၅၅ ၊ ဝ၉ ၂၅၂၀ ၂၂၂ ၅၅၊ ဝ၉ ၂၅၂၂ ဝ၀ဝ ၆၇ သို့ ဆက်သွယ်နိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

Most Popular

Healthy Life Ad
To Top