ကယ်လိုရီနဲ့ အဆီတွေမရအောင် လုပ်ဆောင်နိုင်မယ့် အလွယ်နည်းတွေရှိပါတယ်။
(၁) အဆီများတဲ့အသားအစား အဆီနည်းအသားကို အစားထိုးပြီးစားပါ။ ဥပမာပြောရရင် ကြက်သားစားရင် အရေခွံကိုခွာပြီး စားပါ။
(၂) ဆီနဲ့ကြော်ပြီးစားမယ့်အစား ကင်စားတာ၊ ပြုတ်စားတာ စတဲ့နည်းလမ်းတွေကို သုံးပါ။
(၃) အသားမှာမြင်ရတဲ့ အဆီတွေကို တတ်နိုင်သမျှဖယ်ထုတ်ပါ။ ဝက်သားစားရင် အဆီကိုမစားပါနဲ့။
(၄) ဘာကိုပဲရွေးရွေး အဆီနည်းတဲ့ ဒါမှမဟုတ် သကြားမပါတဲ့ အစားအသောက်ဖြစ်ပါစေ။ အထူးသဖြင့် ဒိန်ခဲစားရင် အဆီနည်းတာ ဒါမှမဟုတ် အဆီမပါတာကို ရွေးပါ။ နွားနို့၊ ဒိန်ချဉ် စတာတွေကို သောက်မယ်ဆိုရင်လည်း အဆီနည်းတဲ့ ဒါမှမဟုတ် အဆီမပါတဲ့ အမျိုးအစားကို ရွေးသောက်ပါ။
(၅) ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအသောက်ကို စားချင်စိတ်ပြင်းပြနေရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာနဲ့ရောစားပါ။