Healthy Life Ad
Q & A

ပိန်လွန်းလို့ ပြည့်ချင်ပါတယ် . . .

—–၊ ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး) ၊—–

Q. ပိန်လွန်းတဲ့အတွက် ပြည့်ချင်ပါတယ်။ အစားအသောက်ကိုလည်း အများကြီးစားပါတယ်။ ဘယ်လောက်စာစား ဝမလာဘူး။ အဲဒါ ဘယ်လိုလုပ်သင့်ပါသလဲရှင်။

A. တချို့လူတွေက အရမ်းပိန်တယ်။ ဘယ်လောက်စာစား မဝဘူး။ အဲဒီလိုလူတွေကို အဓိကအချက်နှစ်ချက် ပြောချင်ပါတယ်။

ပထမအချက်အနေနဲ့ ကိုယ်စားတဲ့ အစားအသောက်တွေက အာဟာရမဖြစ်တဲ့ အစားအသောက်တွေ၊ အာဟာရတန်ဖိုးမရှိတဲ့ အစားအသောက်ကို စားမိနေလို့လား။

ဒုတိယအချက်က အစားအသောက်တွေကို စားတော့စားတယ်၊ ခန္ဓာကိုယ်ထဲရောက်သွားတယ်။ ဒါပေမဲ့ အစာအိမ်နဲ့အူလမ်းကြောင်းက မကောင်းဘူး။ အဲဒီလို မကောင်းတဲ့အတွက် ခန္ဓာကိုယ်ကနေ အစာအာဟာရဓာတ်တွေကို စုပ်ယူမှုမရှိဘူး။ ဒါဆိုရင် ဘယ်လောက်စားစား အာဟာရဓာတ်တွေကို အလုံအလောက်မရတဲ့အတွက် ပိန်နေတတ်ပါတယ်။ ဒီအချက်နှစ်ချက်ကို အဓိကဆင်ခြင်ပြီး ပြုပြင်သင့်ပါတယ်။

Most Popular

Healthy Life Ad
To Top