———၊ လရိပ်မေ ၊———
အိပ်ရေး၀၀ အိပ်မောကျဖို့ရာအတွက် အိပ်စက်အနားယူတဲ့ အနေအထားကလည်း မှန်ဖို့လိုအပ်ပါတယ်။
(၁) မမှန်ကန်သည့် အနေအထား
ကျောပြင်ပေါ်မှာ ပက်လက်အနေအထားနဲ့ လှဲလျောင်းတာက ခါးနောက်ကျောနာကျင်တဲ့ ဝေဒနာကို ခံစားရစေပါတယ်။
မှန်ကန်သည့် အနေအထား
ပက်လက်အိပ်စက်မယ်ဆိုရင် ပေါင်နဲ့ ခါးအောက်မှာ စောင်ပါးပါး ဒါမှမဟုတ် ခေါင်းအုံးပါးပါး ခံထားပြီးမှ အိပ်စက်သင့်ပါတယ်။
(၂) မမှန်ကန်သည့် အနေအထား
ခေါင်းအုံးထူထူ၊ ခေါင်းအုံးမာမာနဲ့ အိပ်စက်တာက လည်ပင်း၊ လက်မောင်းနဲ့ ပခုံးတွေကို ဒဏ်ဖြစ်စေနိုင်ပါတယ်။
မှန်ကန်သည့် အနေအထား
ဦးခေါင်းအောက်မှာ ခေါင်းအုံးခံထားရုံသာမက ခြေတံကောက်ကြောအောက်မှာပါ ခေါင်းအုံး ဒါမှမဟုတ် စောင်ထူထူခံပြီး အိပ်ပေးပါ။ ဒါဆိုရင် ဒူးတွေကို သက်သောင့်သက်သာဖြစ်စေပြီး အိပ်ရတာ အဆင်ပြေစေပါတယ်။
(၃) မမှန်ကန်သည့် အနေအထား
မှောက်လျက်အိပ်တဲ့အခါ ခါးနောက်ကျောကို နာကျင်စေပြီး လည်ပင်းနဲ့ ပခုံးတွေကို ဒဏ်ဖြစ်စေပါတယ်။
မှန်ကန်သည့် အနေအထား
မှောက်လျက် အိပ်စက်အနားယူလိုက်ရင် ဖက်တုံးကိုခွပြီး ကိုယ်ခန္ဓာကို အလိုက်သင့်ထားကာ အိပ်စက်ပေးပါ။
(၄) မမှန်ကန်သည့် အနေအထား
ဘေးတစောင်းအိပ်တဲ့အခါ ပုံမှန်အနေအထားအတိုင်း အိပ်စက်ရင် ခါး၊ ခြေသလုံးနဲ့ ပေါင်ကြောကို နာကျင်ကိုက်ခဲမှုဒဏ် ဖြစ်စေပါတယ်။
မှန်ကန်သည့် အနေအထား
ဘေးတစောင်းအိပ်တဲ့အခါ ဖက်တုံးကို ခြေထောက်ကြားမှာထားပြီး အိပ်စက်ပေးပါ။
(၅) ခေါင်းအုံး
အိပ်ရာပေါ်မှာ အနားယူတာ ဒါမှမဟုတ် စာအုပ်ဖတ်တာတွေလုပ်ရင် ခေါင်းအုံးတွေကိုသုံးပြီး ခုခံပေးတဲ့နည်းနဲ့ ခန္ဓာကိုယ်ကို သက်သောင့်သက်သာ ထားပေးသင့်ပါတယ်။