မီမိုးမေ (ဆေးဝါးတက္ကသိုလ်)
မနက်အိပ်ရာကနေ အလောတကြီး မထပါနဲ့
ဒီမနက်မှာတော့ အိပ်ရာကနေ အလောတကြီးထစရာမလိုပါဘူး။ အိပ်ရာထဲ ခဏလောက် ဇိမ်နဲ့နေပြီးမှ ကိုယ်အကြိုက်ဆုံး မနက်စာပြင်ဆင်လိုက်ပါ။
တစ်ပတ်စာ လုပ်မယ့် အလုပ်တွေချရေးပါ
နောက်တစ်ပတ် ပင်ပန်းတော့မှာပဲလို့ ခံစားနေရရင် စိတ်ကြည်လင်သွားအောင် တစ်ပတ်စာလုပ်ရမယ့် အလုပ်တွေ စီတန်းချရေးလိုက်ပါ။ ဘာပဲဖြစ်ဖြစ် အလုပ်တစ်ဝက်လောက်ပြီးသွားသလို စိတ်ပေါ့သွားမှာ ဖြစ်ပါတယ်။
အရေးတကြီး လုပ်ရမှာတွေကို မင်နီတားထားပါ
တစ်ပတ်စာအတွက် တစ်နေ့ချင်း လုပ်ရမှာတွေကိုချရေးပြီးရင် အရေးကြီးတဲ့ နေ့တွေနဲ့ အရေးကြီးတဲ့ အလုပ်တွေကို သေချာ မင်နီတားပြီး မှတ်ထားသင့်ပါတယ်။
တစ်ပတ်စာအတွက် အစားအသောက်ပြင်ဆင်ပါ
တစ်ပတ်စာအတွက် ဘာတွေ ချက်မယ်၊ ဘာတွေဝယ်ထားမယ် စသဖြင့် စာရင်းရေးထားတာ၊ ကြိုတင်ပြင်ဆင်လို့ရတာကို ပြင်ဆင်တာတွေက အချိန်၊ စိတ်ဖိစီးမှုနဲ့ ငွေကုန်ကြေးကျသက်သာစေပါတယ်။
တစ်ပတ်စာ ရုံးအဝတ်အစား စီစဉ်ထားပါ
တစ်ပတ်စာအတွက် ရုံးအဝတ်အစားတွေကို စီစဉ်ထားတာက မနက်ပိုင်း အချိန်ကုန်သက်သာစေသလို ရုံးချိန်မမှီမှာကိုလည်း စိတ်ပူစရာမလိုတော့ပါဘူး။
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ချိန် ထားရှိပါ
တနင်္ဂနွေနေ့ဆိုတာ ကိုယ့်ကိုယ်ကိုယ် အနားပေးဖြေလျှော့ရမယ့် နေ့ဖြစ်လို့ အပန်းဖြေချိန်ပေးပါ။
စောစော အိပ်ရာဝင်ပါ
ညဘက်မှာ စောစော အိပ်ရာဝင်တာက နောက်တစ်ပတ်စာအတွက် စွမ်းအင်အလုံအလောက်ရှိစေမယ့်နည်းဖြစ်ပါတယ်။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)