လရိပ်မေ
အဝတ်အစားကို သေသပ်စွာ မီးပူတိုက်ပါ –
ဒါက ရိုးရှင်းပေမယ့် ကိုယ်ရည်ကိုယ်သွေးအရ အရေးပါတဲ့ အပိုင်းဖြစ်ပါတယ်။
ဝတ်စုံပြည့်ဝတ်ပါ –
အမျိုးသားဆိုရင် အခမ်းအနားတွေတက်တဲ့အခါ ဝတ်စုံပြည့် စမတ်ကျကျဝတ်ပါ။
ရှူးဖိနပ်ကို အလေးထားပါ –
အမျိုးသားတွေက ပြောင်လက်နေအောင်တိုက်ထားတဲ့ ရှူးဖိနပ်ကိုစီးပါ။ အမျိုးသမီးတွေရဲ့ ဒေါက်ဖိနပ်က အနေတော်အမြင့်မျိုးရှိသင့်ပါတယ်။
ဆံပင်က မျက်နှာအလှပေါ်လွင်ပါစေ –
မျက်လုံးချင်းဆုံကြည့်တဲ့အခါ အနှောင့်အယှက်မဖြစ်စေဖို့ ဆံပင်တွေကို သေချာပင့်တင်ထားပါ။
လက်ဝတ်လက်စား၊ မိတ်ကပ်နှင့် ရေမွှေးကိုအသင့်အတင့်သာဆင်မြန်းပါ –
လက်ဝတ်လက်စားတွေကလည်း သိပ်ပြီးပြူးပြဲမနေသင့်ပါဘူး။ သင်နဲ့ တွေ့ဆုံတဲ့သူ စိတ်အနှောင့်အယှက် ဖြစ်ရလောက်တဲ့အထိ ရေမွှေးပြင်းပြင်းမသုံးသင့်ပါ။
အရောင်တောက်တောက် မဝတ်သင့် – အဝတ်အစားအရောင်ကို အာရုံစိုက်ပြီး သင့်ကိုအလေးမထားမိတာမျိုးမဖြစ်စေဖို့ စူးရှလွန်းတဲ့ အရောင်တောက်တောက် မဝတ်သင့်ပါ။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)