၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)
စိတ်ဖိစီးမှုများနေရင် အန္တရာယ်ရှိတဲ့ အထက်ကနည်းလမ်းတွေကို လုပ်ဆောင်မယ့်အစား အောက်ပါနည်းတွေကို လုပ်ဆောင်သင့်ပါတယ်။
– တစ်ရေးအိပ်ပါ
စိတ်ဖိစီးမှုကြောင့် ပင်ပန်းနွမ်းနယ်နေရင် နေ့ခင်းအချိန်မှာ မိနစ်၃၀-၄၀ ခန့် တစ်ရေးအိပ်ပါက သင့်ခန္ဓာကိုယ်ကို ဘက်ထရီအားသွင်းသလို အားပြည့်သွားစေပါတယ်။
– အနှိပ်ခံပါ
ညင်ညင်သာသာ အနှိပ်ခံတာကလည်း စိတ်ဖိစီးမှုကို ပြေလျော့စေတဲ့ နည်းလမ်းကောင်းတစ်ရပ်ပဲ ဖြစ်ပါတယ်။
– ရယ်မောပါ
ရယ်မောပျော်ရွှင်တာက စိတ်ခံစားမှုကို ကောင်းစေရုံသာမက သင့်ကိုလည်း ကြည့်ကောင်းစေပါတယ်။
– မိမိကိုယ်ကိုယ် အပြုသဘောဆောင်ပြီး ဆက်ဆံပါ
လူတွေက အမြဲတမ်း မိမိကိုယ်ကိုယ် စကားပြောဆိုနေတတ်ပါတယ်။ အဲဒီလိုပြောတဲ့စကားတွေက အပြုသဘောဆောင်တဲ့ သဘောမျိုးဖြစ်သင့်ပါတယ်။
– တရားထိုင်ပါ
တရားထိုင်တာ၊ အနားယူတာ၊ ဘုရားရှိခိုး ဆုတောင်းတာတွေကလည်း စိတ်ဖိစီးမှုကို ပြေလျော့စေတဲ့နည်းလမ်းကောင်းတွေပဲ ဖြစ်ကြပါတယ်။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)