၊ ငွေကြယ်စင်ယံ ၊
တနင်္ဂနွေနေ့ဟာ ရုံးအားလပ်ရက် ဖြစ်တာကြောင့် တစ်နေ့လုံး လွတ်လွတ်လပ်လပ် သွားလာ လှုပ်ရှားပျော်ပါး နေတတ်ကြပါတယ်။ အဲဒီအတွက် ညဘက်မှာ ပင်ပန်းနွမ်းနယ်မှုတွေ ဖြစ်တတ်သလို မနက်ဖြန် အလုပ်သွား ရတော့မှာပါလား ဆိုတဲ့ ကြောက်စိတ်ကလည်း လွှမ်းမိုးနေတတ် ပါသေးတယ်။ အလုပ်တက်ရတဲ့ ဝန်ထမ်းတွေအနေနဲ့ တနင်္လာနေ့မှာ ပင်ပန်းနွမ်းနယ်မှု မဖြစ်စေဖို့ တနင်္ဂနွေညမှာ လုပ်ဆောင်သင့်တဲ့ နည်းလမ်းတွေကို ဝေမျှလိုက်ရပါတယ်။
– စိတ်အေးလက်အေး အနားယူပါ
တစ်ခါတလေ ပြဿနာဖြေရှင်းနိုင်မယ့် အကောင်းဆုံးနည်းက အဲဒီပြဿနာကို မေ့ထားဖို့ပဲ ဖြစ်ပါတယ်။
– စာရွက်ထဲ သင့်ခံစားချက်များ ချရေးပါ
သင့်ကို စိတ်အနှောင့်အယှက် ဖြစ်စေတဲ့ အချက်တွေကို စာထဲ ချရေးသင့်ပါတယ်။ ဒိုင်ယာရီစာအုပ်ကို ထားရှိပေးပါ။
– ဖုန်းပိတ်ထားပါ
အားလပ်ရက်မှာ ဖုန်းပိတ်ပြီး နေတာကလည်း စိတ်အေးချမ်းမှု ရရှိစေတဲ့ နည်းဖြစ်ပါတယ်။ အီးမေး၊ ဖေ့စ်ဘွတ်ခ်၊ အလုပ်နဲ့ ဆိုင်တဲ့ဖုန်း စတာတွေကို ပိတ်ထားလိုက်ပါ။
– ရှေ့ဆက်လုပ်ရမည့် အရာများအတွက် အစီအစဉ် ရေးဆွဲပါ
လာမယ့် သီတင်းပတ်အတွင်း လုပ်ဆောင်ရမယ့် အရာတွေကို အစီအစဉ်တကျ ရေးဆွဲထားတာကြောင့် တနင်္လာနေ့ အတွက် အဆင်သင့်ဖြစ် နေတတ်ပါတယ်။ အဲဒီအခါ စိတ်အေးလက်အေး ဖြစ်သွားပါလိမ့်မယ်။
– အောင်မြင်မှုကို မျှော်မှန်းပါ
တနင်္လာနေ့အတွက် သောကြာနေ့လောက် ကတည်းက အချိန်ဇယား ရေးဆွဲထားရင် အားလပ်ရက်မှာ စိတ်ဖိစီးမှု ကင်းကင်းနဲ့ ပျော်ရွှင်ပေါ့ပါး နေပါလိမ့်မယ်။ ဒီလို လုပ်ဆောင်တတ်တဲ့သူ အများစုက အောင်မြင်တတ်ကြပါတယ်။
(Ref; Zeenews)