Healthy Life Ad
Health Tips

တနင်္လာနံနက်ခင်းကို ကောင်းမွန်စွာ ကြိုဆိုနိုင်ရန် တနင်္ဂနွေညလုပ်သင့်သည့် ကျန်းမာရေး အကျင့်ကောင်း ငါးရပ်

၊ ငွေကြယ်စင်ယံ ၊

တနင်္ဂနွေနေ့ဟာ ရုံးအားလပ်ရက် ဖြစ်တာကြောင့် တစ်နေ့လုံး လွတ်လွတ်လပ်လပ် သွားလာ လှုပ်ရှားပျော်ပါး နေတတ်ကြပါတယ်။ အဲဒီအတွက် ညဘက်မှာ ပင်ပန်းနွမ်းနယ်မှုတွေ ဖြစ်တတ်သလို မနက်ဖြန် အလုပ်သွား ရတော့မှာပါလား ဆိုတဲ့ ကြောက်စိတ်ကလည်း လွှမ်းမိုးနေတတ် ပါသေးတယ်။ အလုပ်တက်ရတဲ့ ဝန်ထမ်းတွေအနေနဲ့ တနင်္လာနေ့မှာ ပင်ပန်းနွမ်းနယ်မှု မဖြစ်စေဖို့ တနင်္ဂနွေညမှာ လုပ်ဆောင်သင့်တဲ့ နည်းလမ်းတွေကို ဝေမျှလိုက်ရပါတယ်။

စိတ်အေးလက်အေး အနားယူပါ

တစ်ခါတလေ ပြဿနာဖြေရှင်းနိုင်မယ့် အကောင်းဆုံးနည်းက အဲဒီပြဿနာကို မေ့ထားဖို့ပဲ ဖြစ်ပါတယ်။

– စာရွက်ထဲ သင့်ခံစားချက်များ ချရေးပါ

သင့်ကို စိတ်အနှောင့်အယှက် ဖြစ်စေတဲ့ အချက်တွေကို စာထဲ ချရေးသင့်ပါတယ်။ ဒိုင်ယာရီစာအုပ်ကို ထားရှိပေးပါ။

– ဖုန်းပိတ်ထားပါ

အားလပ်ရက်မှာ ဖုန်းပိတ်ပြီး နေတာကလည်း စိတ်အေးချမ်းမှု ရရှိစေတဲ့ နည်းဖြစ်ပါတယ်။ အီးမေး၊ ဖေ့စ်ဘွတ်ခ်၊ အလုပ်နဲ့ ဆိုင်တဲ့ဖုန်း စတာတွေကို ပိတ်ထားလိုက်ပါ။

– ရှေ့ဆက်လုပ်ရမည့် အရာများအတွက် အစီအစဉ် ရေးဆွဲပါ

လာမယ့် သီတင်းပတ်အတွင်း လုပ်ဆောင်ရမယ့် အရာတွေကို အစီအစဉ်တကျ ရေးဆွဲထားတာကြောင့် တနင်္လာနေ့ အတွက် အဆင်သင့်ဖြစ် နေတတ်ပါတယ်။ အဲဒီအခါ စိတ်အေးလက်အေး ဖြစ်သွားပါလိမ့်မယ်။

–  အောင်မြင်မှုကို မျှော်မှန်းပါ

တနင်္လာနေ့အတွက် သောကြာနေ့လောက် ကတည်းက အချိန်ဇယား ရေးဆွဲထားရင် အားလပ်ရက်မှာ စိတ်ဖိစီးမှု ကင်းကင်းနဲ့ ပျော်ရွှင်ပေါ့ပါး နေပါလိမ့်မယ်။ ဒီလို လုပ်ဆောင်တတ်တဲ့သူ အများစုက အောင်မြင်တတ်ကြပါတယ်။

(Ref; Zeenews)

Most Popular

Healthy Life Ad
To Top