မေး. ကလေးပျက်ကျလို့ သားအိမ်ခြစ်ထားပါတယ်။ ဘာတားဆေးသုံးသင့်ပါသလဲ။ ထိုးဆေးမသုံးချင်ပါဘူး။
Zar Zar (FB)
ဒေါက်တာမြတ်ထွဋ်ညွန့်မှ ဖြေကြားပေးပါသည်။
ဖြေ. သားအိမ်ခြစ်ပြီးတာနဲ့ ရက်ပိုင်းအတွင်းမှာပဲ ကိုယ်ဝန်ရနိုင်ခြေရှိပါတယ်။ ဒါ့ကြောင့် တားနည်းတစ်မျိုးမျိုးသုံးရပါမယ်။ ဘယ်နည်းကောင်းသလဲဆိုတာကတော့ အသက်အရွယ်၊ ကလေးထပ်ယူ၊ မယူ၊ ယူရင်လည်းဘယ်တော့ယူမလဲ၊ တခြားရောဂါတစ်ခုခု ရှိ၊ မရှိ စတာတွေပေါ်မူတည်ပြီး ဆုံးဖြတ်ရပါတယ်။ အကောင်းဆုံးက နီးစပ်ရာဆရာဝန်တစ်ယောက်နဲ့ တိုင်ပင်ဆွေးနွေးဖို့ အကြံပြုလိုပါတယ်။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)