Healthy Life Ad
Health Tips

အစာကို ကြေညက်အောင် ဝါးစားခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ

အစာစာတိုင်းကြေညက်တဲ့အထိ ကြိတ်ဝါးပြီး စားသောက်ပေးရပါမယ်။ ဒီလိုကြိတ်ဝါးစားသောက်တာကြောင့် အဓိကအနေနဲ့ ကျန်းမာရေးအကျိုးကျေးဇူးသုံးရပ်ကို ရရှိစေနိုင်ပါတယ်။

(၁) နံပါတ်တစ်ရရှိနိုင်တဲ့ အကျိုးကျေးဇူးက အာဟာရဓာတ်တွေကို ခန္ဓာကိုယ်က ပိုမိုစုပ်ယူရရှိနိုင်တာ ဖြစ်ပါတယ်။

(၂) နောက်အရေးကြီးတဲ့တစ်ချက်က အစားအသောက်စားသောက်တဲ့နှုန်းကို လျော့နည်းစေတာပဲ ဖြစ်ပါတယ်။အစာစားတာ နှေးလေလေ၊ အစာကို နည်းနည်းပဲ စားဖြစ်လေလေဖြစ်ပါတယ်။ အကြောင်းကတော့ အစာစားချိန် မိနစ် ၂၀ ကြာတာနဲ့ အစာအိမ်ကနေဦးနှောက်ဆီကို “ဗိုက်ပြည့်ပြီ”ဆိုတဲ့ သတင်း အချက်အလက်ပို့ဆောင်ပေးလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အစာစားသုံးမှုများပြီး ကိုယ်အလေးချိန် မြင့်တက်လာနိုင်ခြေကိုလည်း ကာကွယ်ထိန်းသိမ်းရာ ရောက်ပါတယ်။

(၃) အစာကို ကြေညက်အောင် ဝါးစားတာကြောင့် ရရှိနိုင်တဲ့ နောက်ထပ်ကျန်းမာရေးအကျိုးကျေးဇူးက ကျန်းမာရေး နဲ့ ပိုမိုညီညွတ်တဲ့ အစာကို ရွေးချယ်စားဖြစ်တာပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ အစာကို ကြိတ်ဝါးတာ ကြာလေလေ၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို အရသာပိုတွေ့လေလေဖြစ်ကာပိုစားဖြစ်လို့ပါ။

လေ့လာမှုတွေအရပါးစပ်ထဲကိုအစာတစ်လုတ်ထည့်သွင်းပြီးချိန်မှာ ၁၀-၁၅ကြိမ်လောက်တော့ ကြိတ်ဝါးပေးသင့်တယ်လို့ သိရပါတယ်။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top