၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)
နှလုံးကျန်းမာအောင် အကူအညီပေးတဲ့ အစာ တွေကို ရွေးချယ်စားဖို့ အကြံပြုလိုပါတယ်။
(၁) အိုမီဂါ ၃ ဖက်တီးအက်စစ်ပါဝင်မှုများတဲ့ ငါး (ဆယ်လ်မွန်ငါး၊ တူနာငါး၊ မက်ကရယ်ငါး)တို့ ကို စားပါ။
(၂) သစ်ကြားသီး၊ ဗာဒံစေ့တို့လို အခွံမာအစေ့ကို လက်တစ်ဆုပ်စာ စားပေးရင် ဆာလောင်မှုကို ပြေစေတဲ့အပြင် နှလုံးကျန်းမာစေပါတယ်။
(၃) စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီးနဲ့ ဒိန်ချဉ် တွေမှာ နှလုံးအကျိုးပြု ဖိုင်တိုနျူးထရီးရန့်နဲ့ ပျော်ဝင်အမျှင်ဓာတ်တွေ ပါဝင်နေပါတယ်။
(၄) ဂုံလျှော်စေ့ (Flaxeed)မှာ အိုမီဂါ ၃ ဖက်တီး အက်စစ်၊ အမျှင်ဓာတ်နဲ့ ဖိုင်တိုအီစထရိုဂျင်တို့ ပါဝင်တာကြောင့် နှလုံးကျန်းမာစေပါတယ်။
(၅) အုတ်ဂျုံမှုန့်အကြမ်းမှာ အာဟာရဓာတ်အပြည့် ပါဝင်ပါတယ်။
(၆) ဝိုင်နီအသင့်အတင့်က သွေးတွင်းကောင်းတဲ့ ကို လက်စထရောကို မြင့်တက်စေပါတယ်။
(၇) ပဲနီစေ့နဲ့ ပဲမည်းမှာ အမျှင်ဓာတ်၊ ဗီတာမင်ဘီ အုပ်စု၊ သတ္တုဓာတ်တို့ ပါဝင်နေပါတယ်။
(၈) လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်နဲ့တိုဟူးတို့က နှလုံးအကျိုးပြုအစာတွေပါ။
(၉) မုန်လာဥနီ၊ ကန်စွန်းဥ၊ ငရုတ်ပွသီးအနီတွေမှာ ကာရိုတီးနွိုက်၊ နှလုံးအကျိုးပြုအမျှင်ဓာတ်နဲ့ဗီ တာမင်တွေ ပါဝင်နေပါတယ်။
(၁၀) လိမ္မော်သီးနဲ့ သင်္ဘောသီးလို သစ်သီးတွေမှာ ဘီတာကယ်ရိုတင်း၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်နဲ့အမျှင်ဓာတ်တွေ ပါဝင်နေပါတယ်။
(၁၁) ကညွတ်မှာ ဘီတာကယ်ရိုတင်း၊ ဖောလိတ်နဲ့ အမျှင်ဓာတ် ပါဝင်နေပါတယ်။
(၁၂) ခရမ်းချဉ်သီးမှာ လိုင်ကိုပင်း၊ ဗီတာမင်စီနဲ့ ကာရိုတင်းတွေ ပါဝင်နေပါတယ်။
(၁၃) အမည်းရောင်ချောကလက်မှာ ကိုကိုးအနည်း ဆုံး ၇၀ ရာခိုင်နှုန်းပါတဲ့အတွက် နှလုံးကျန်းမာ စေပါတယ်။
(၁၄) ပန်းဂေါ်ဖီစိမ်းမှာ ဗီတာမင်စီ၊ ဗီတာမင်အီး၊ ပိုတက်ဆီယမ်၊ ဖောလိတ်၊ ကယ်လ်ဆီယမ်နဲ့ အမျှင် ဓာတ်ပါဝင်တာကြောင့် နှလုံးကျန်းမာစေပါတယ်။
(၁၅) ဟင်းရွက်သုပ်တွေကို စားရင် နှလုံးသွေးကြောကို ကျန်းမာစေပါတယ်။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)