၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)
ကြက်ဟင်းခါးသီးရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို အာရှတိုင်းပြည်တွေမှာ ရှေးနှစ်ပေါင်းများ စွာကတည်းကသိရှိပြီး အသုံးပြုခဲ့ကြပါတယ်။ ကြက်ဟင်းခါးသီးမှာ လူ့ခန္ဓာကိုယ်အတွက် အကျိုးပြုနိုင်တဲ့ မရှိမဖြစ် အာဟာရဓာတ်အပြည့်အဝပါဝင်ပါတယ်။ သံဓာတ်၊ ကယ်လ်စီယမ်၊ ပိုတက်စီယမ်၊ ဘီတာကယ် ရိုတင်း၊ ဗီတာမင် B1၊ B2၊ B3နဲ့ ဗီတာမင်စီတို့ပါဝင်ပါတယ်။ အဆီနဲ့ ကိုလက်စထရော ပါဝင်မှု မရှိပါဘူး။ ဒီလိုအာဟာရဓာတ်တွေ ပါဝင်နေတဲ့ ကြက်ဟင်းခါးသီးကို အသင့်အတင့်စားပေးရင် အောက်ပါအကျိုး ကျေးဇူးတွေကို ရရှိနိုင်ပါတယ်။
(၁) ကြက်ဟင်းခါးသီးဟာ အရေပြားရောဂါတွေ၊ အရေပြားပိုးဝင်တဲ့ ပြဿနာ၊ နှင်းခူနဲ့ အရေ ပြားအနာတွေကို ကုသရေးမှာအထောက် အကူပြုပါတယ်။
(၂) ကြက်ဟင်းခါးသီးမှာ ဗိုင်းရပ်စ်ဆန့်ကျင်တဲ့ ဂုဏ်သတ္တိရှိပြိး ရေယုန်ဗိုင်းရပ်စ်ကို ကုသရာ မှာအသုံးပြုနိုင်ပါတယ်။
(၃) ကြက်ဟင်းခါးသီးရဲ့ တိကျတဲ့အကျိုးကျေးဇူး တစ်ခုက ဆိုးရီးယေးစစ်ရောဂါကို သက်သာ စေတာဖြစ်ပါတယ်။
(၄) အစာမကြေတာနဲ့ လိပ်ခေါင်းဖြစ်တာတွေဖြစ်ခဲ့ရင် ကြက်ဟင်းခါးသီးကသက်သာစေပါတယ်။ သူ့မှာ ရောင်ရမ်းမှုလျော့ကျစေတဲ့ အာနိသင်ရှိလို့ပါ။
(၅) ကြက်ဟင်းခါးသီးမှာ အဆိပ်တွေကို ချေဖျက်ပေးပြီး သန့်စင်ပေးနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။
(၆) သွေးဖိအား၊ သွေးတွင်းသကြားဓာတ်နဲ့ ခန္ဓာ ကိုယ်အပူချိန်ကို လျော့ကျစေပါတယ်။
(၇) ကြက်ဟင်းခါးသီးစားရင် HIVလူနာတွေမှာ HIV ဆေးရဲ့ ဘေးထွက်ဆိုးကျိုးကို လျော့ကျစေတယ်လို့ လေ့လာမှုတွေကဆိုပါတယ်။
(၈) ကြက်ဟင်းခါးသီးကို စားပေးပါက ကင်ဆာဝေ ဒနာရှင်တွေမှာ ကင်ဆာဆဲလ်တွေရဲ့လုပ်ငန်း ဆောင်တာကို ကောင်းမွန်စေတယ်လို့ ယုံ ကြည်ကြပါတယ်။
(၉) ကြက်ဟင်းခါးသီးရဲ့ အရေးပါတဲ့ အကျိုးကျေး ဇူးတစ်ခုက ဆီးချိုသွေးချိုရောဂါကုသရေးမှာ အသုံးဝင်တာပဲဖြစ်ပါတယ်။ ဆီးချိုသွေးချို ရောဂါရှိသူတွေက သွေးထဲကသကြားဓာတ်ကို စွမ်းအင်အဖြစ်သုံးနိုင်စွမ်းမရှိပါ။ ကြက်ဟင်းခါးသီးက သွေးထဲက ဂလူးကို့စ်အဆင့် ကို လျော့ကျအောင် ကူညီပေးနိုင်ပါတယ်။ ဒါ ကြောင့် ဆီးချိုရှိသူတွေစားသင့်တဲ့ အာဟာ ရလို့ ဆိုကြတာပါ။
(၁၀) ကြက်ဟင်းခါးသီးကို သွေးသန့်စင်စေတဲ့အရာ၊ လိင်ဆန္ဒအားကောင်းစေတဲ့အရာ၊ ကိုယ်ခံ စွမ်းအားစနစ်ကို မြင့်တက်စေတဲ့အရာနဲ့ ခန္ဓာကိုယ်တွင်းရှိ ဟော်မုန်းတွေကို ဟန်ချက်ညီ စေတဲ့အရာအဖြစ် တင်စားကြပါတယ်။ အင်တီအောက်ဆီးဒင့်လည်း အများအပြား ပါဝင်တာကြောင့် ရောဂါဖြစ်စေတဲ့ ဖရီးရယ်ဒီကယ် တွေကို တွန်းလှန်ပေးပါတယ်။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)