Healthy Life Ad
Health Tips

ဒိန်ချဉ်အကြောင်းသိကောင်းစရာ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

(၁) အမျိုးသားတွေထက် အမျိုးသမီးတွေကဒိန်ချဉ် ပိုစားလေ့ရှိကြပါတယ်။

ဒိန်ချဉ်နဲ့ ပတ်သက်တဲ့ စစ်တမ်းတွေအရ အမျိုးသမီး ၆၈ ရာခိုင်နှုန်းက ဒိန်ချဉ်စားနေကြပြီး အမျိုးသား ၄၃ ရာခိုင်နှုန်းကသာ စားလေ့ရှိတယ်လို့ သိရပါတယ်။

(၂) ဒိန်ချဉ်စားရင် ဝမ်းပျက်ဝမ်းလျှောတာကိုသက်သာစေပါတယ်။

ငှက်ပျောသီးစားရင် ဝမ်းပျက်ဝမ်းလျှောဖြစ်တာကို သက်သာစေတယ်လို့ လူတိုင်းသိကြပါတယ်။ ဒိန်ချဉ်စားတာက ပိုထိရောက်မှု ရှိတယ်ဆိုတာ သင်သိပါရဲ့လား။ ဒိန်ချဉ်မှာ ကောင်းတဲ့ဘက်တီးရီးယားတွေပါဝင်တဲ့အတွက် ဒိန်ချဉ်စားပေးရင် ဝမ်းပျက်ဝမ်းလျှောဖြစ်တာကို သက်သာစေပါတယ်။

(၃) မှိုပိုးကို တွန်းလှန်နိုင်ပါတယ်။

ဖန်းဂတ်စ်မှိုစွဲတဲ့ပြဿနာက တစ်ခါဖြစ်ပြီးရင် ထပ်ခါတလဲလဲ ပြန်ဖြစ်တတ်ပါတယ်။ ဒိန်ချဉ်စားတာကြောင့် ဖန်းဂတ်စ်မှိုတွေကိုတွန်းထုတ်နိုင်စွမ်းရှိပါတယ်။

(၄) ကြွက်သားသန်စွမ်းစေတဲ့ ပရိုတင်းပါဝင်မှု များပါတယ်။

အသားစားရင် ပရိုတင်းဓာတ် ရရှိတာကြောင့် ကြွက်သားသန်စွမ်းစေတာ လူတိုင်းသိပြီးသားပါ။ ဒိန်ချဉ်ရှစ်အောင်စပါ တစ်ခွက်မှာပရိုတင်း ၁၀ ဂရမ်ပါဝင်တယ်ဆိုတာ သင်သိပါရဲ့လား။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top