(၁) နှလုံးရောဂါ ထခြင်းကို ပိုဆိုးစေနိုင်ခြင်း
အကြီးအကျယ် ဒေါသပုန်ထပြီး ပေါက်ကွဲ လေ့ရှိသူတွေက သွေးလွှတ်ကြောထဲ ကယ်လ်ဆီယမ်စုပုံမှု သိသိသာသာ များစေပါတယ်။ အဲဒါက နှလုံးရောဂါထခြင်း (Heart Attack) ဖြစ်စေတဲ့ အဓိကအချက်ဖြစ်ပါတယ်။
(၂) မကောင်းသော စိတ်ခံစားချက်က ရောဂါဖြစ် စေနိုင်ခြင်း
လူအများ ခံစားနေရတဲ့ ရောဂါအားလုံးရဲ့ ၈၅ရာခိုင်နှုန်းခန့်ဟာ ဒေါသထွက်တာလို စိတ်ခံစားမှု အခြေအနေနဲ့ အကြီးအကျယ် ဆက်နွှယ်မှု ရှိတယ်လို့ ရောဂါကာကွယ် ထိန်းချုပ်ရေးစင်တာရဲ့ လေ့လာမှုအရ သိရပါတယ်။
(၃) ဒေါသကို မျိုသိပ်ခြင်းဖြင့် နှလုံးရောဂါထသော အန္တရာယ်ကို သုံးဆမြင့်တက်စေခြင်း
ဒေါသထွက်တဲ့အခါ နံရံကို လက်သီးနဲ့ ထိုးတဲ့နည်းနဲ့ စိတ်ဖြေလျှော့တာထက် ဒေါသကို မျိုသိပ်လိုက်တဲ့ နည်းလမ်းဟာ ကျန်းမာရေး အတွက် ပိုဆိုးတယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ စိတ်တိုဒေါသထွက်တဲ့ ခံစားချက်ကို ဖြေလျှော့မှုမလုပ်ဘဲ မျိုသိပ်ထားတာမျိုးထက် ဒေါသကို တစ်နည်းနည်းနဲ့ ပြေပျောက်သွားအောင် ကြိုးစားသင့်ပါတယ်။
(၄) ကိုယ်ခံစွမ်းအား စနစ်ကို အားနည်းစေခြင်း
ဒေါသထွက်တဲ့အခါ ခန္ဓာကိုယ်က တစ်နည်းနည်းနဲ့ တုန့်ပြန်ဖို့ ကြိုးစားတတ်ပါတယ်။ ဒေါသထွက်တဲ့အခါ ခန္ဓာကိုယ်တွင်း ပုံမှန်ဖြစ်စဉ်နဲ့ လုပ်ငန်းဆောင်တာတွေ ရပ်သွားပြီး ဦးနှောက်ထဲက ဓာတုဗေဒကို ပြောင်းလဲသွားစေပါတယ်။