ပက်လက်လှန် အိပ်စက်ခြင်း
အိပ်ရာနိုးလာချိန်မှာ မျက်နှာကို ပွတ်တိုက်မှုနဲ့ ဖိအားဖြစ်တာကြောင့်ပေါ်တတ်တဲ့ အရေးကြောင်းတွေကို လျော့ကျစေပါတယ်။ မျက်စိအောက် အရည်စုပုံမှုမဖြစ်အောင် ခေါင်းအုံးကို နည်းနည်းလေး မြှင့်ထားပေးပါ။
ဘေးတစောင်း အိပ်စက်ခြင်း
ဘေးတစောင်းအနေအထားနဲ့ ဟိုဘက်ဒီဘက် စောင်းအိပ်ပေးတာက မျက်နှာမှာ အရေးကြောင်းပေါ်တာကို လျော့ကျစေပါတယ်။ နှာပိတ်တာ၊ နှာစေးတာနဲ့ နှာရည်ကျတာကိုလည်း သက်သာစေပါတယ်။
မှောက်လျက်အိပ်စက်ခြင်း
မှောက်ရက်အနေအထားနဲ့ အိပ်စက်တာက မျက်နှာမှာ အရေးကြောင်း ပိုထင်စေပြီး လည်ပင်းနာကျင်မှုကို တိုးစေပါတယ်။ မျက်နှာကို ခေါင်းအုံးပေါ်အပ်ပြီး ဖိအိပ်တာက မျက်နှာအရေးကြောင်းတွေ ပိုဖြစ်စေပြီး မျက်ဝန်းတ၀ိုက် ဖောင်းအစ်စေပါတယ်။